နည်းပညာ ကုမ္ပဏီ Oracle နှင့် ပြည်တွင်း ကုမ္ပဏီနှစ်ခု ပူးပေါင်း

ပို့စ်တင်ချိန် - 3/12/2014 04:44:00 PM


မောင်မန်း

ပြည်တွင်း နည်းပညာကုမ္ပဏီများဖြစ်သည့် ACE Data System Ltd နှင့် Myanmar Golden Rock International Co.,Ltd တို့က Oracle Corporation Singapore နှင့်ပူးပေါင်းပြီး အိုင်စီတီ ကဏ္ဍအတွက် လိုအပ်မည့် အခြေခံလိုအပ်ချက်များကို ဆောင်ရွက်ပေးသွားမည်ဟု ဗဃနီအှေေပျအနာ ၏ အုပ်ချုပ်မှုဒါ ရိုက်တာ ကိုဇော်မိုးသန့်က မဇ္ဈိမကို ပြောသည်။

ကိုဇော်မိုးသန့်က “နည်းပညာတွေ တိုးတက်လိုအပ်လာတာနဲ့အမျှ လိုအပ်တဲ့ IT Infrastructure တွေ အတွက် လိုအပ်တဲ့ Service, Technology, Product စတာတွေကို ACE Data System Ltd ESifh Myanmar Golden Rock International Co.,Ltd နဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံအတွက် ပံ့ပိုးသွားမှာ ဖြစ် ပါတယ်” ဟု ဆိုသည်။

ACE Data System Ltd နှင့် Myanmar Golden Rock International Co.,Ltd အနေဖြင့် ပညာရှင် ၄၀၀ ကျော်ခန့်စီဖြင့် လည်ပတ်နေသည့် နည်းပညာကုမ္ပဏီများ ဖြစ်ပြီး ICT ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် အတွက် လိုအပ်သည့် Platform System များဖြစ်သည့ှ်Server , Database,Security Solutionစသည့် လိုအပ်ချက်များကို ရောင်းချသွားမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် အိုင်စီတီ ကဏ္ဍဖွံ့ဖြိုး တိုးတက်လာရန် အရေးတကြီးလိုအပ်ပြီး E-Government ပုံဖော် ဆောင်ရွက်နိုင်ရန်အတွက် စနစ်တကျလုပ်ဆောင်နိုင်ရန် လိုအပ်သည်ဟု ACE Data System.,Ltd မှ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် ဦးသိန်းဦးက ရန်ကုန်မြို့ MICT Park တွင် မတ်လ ၁၁ ရက်က ပြုလုပ်ခဲ့ သည့် Oracle Solution Day Seminar အဖွင့်အမှာစကားတွင် ထည့်သွင်းပြောသည်။

ဦးသိန်းဦးက “ICTစနစ်ကို အောင်မြင်အောင် အသုံးချနိုင်ဖို့ဆိုရင် စနစ်တကျ လုပ်ဆောင်နိုင်ဖို့ လိုပါတယ်” ဟု ဆိုသည်။ Oracle Corporation Singapore သည် နည်းပညာနှင့် ပတ်သက်သည့် လိုအပ်ချက်များ အား အထောက်အပံ့ပေးနေသည့် ကမ္ဘာ့ဒုတိယအကြီးဆုံး Softwareကုမ္ပဏီ ဖြစ်သည်။

Mizzima