သထုံမြို့မှ ထူးခြားသတင်း

ပို့စ်တင်ချိန် - 7/12/2013 10:46:00 AM


ဖြစ်ပုံမှာ ယမန်နေ့ညက သထုံမြို့အနောက်ဘက်ကပ်လျက် ရထားလမ်းအကျော် လယ်ကွင်းများ ရှိရာ အရပ်ဆီမှ ည ကိုးနာရီအချိန်ခန့်မှ စ၍ ဆိုင်းသံများ (ဆောင်းဘောက်ကြီးများစွာနှင့် ဖွင့်သော အသံနှင့်တူသောအသံများ) ဆူညံကျယ်လောင်စွာ ကြားရပါကြောင်း သထုံမြို့နေသူ အတော်များများ အထံမှ တဆင့်ကြားသိရသဖြင့် စုံစမ်းကြည့်သောအခါ..........

လွန်ခဲ့သော နှစ်အနည်းငယ်က လယ်သမားတစ်ခု ကောက်စိုက်ပြီးလား ၊ ကောက်သိမ်းပြီးလား မသိ လယ်ကွင်းမှ ညဘက်ကြီး လှေစီးလျက် ပျော်ရွှင်စွာ ဆိုင်းတွေဖွင့်၍လား တီး၍လားမသိ ပြန်လာကြစဉ် လှေမှာ ၀ဲမိသဖြင့် တစ်လှေလုံး စုံးစုံးမြှုပ်သွားပါကြောင်း။

ထိုမှ အစပြု၍ ယခုလို ကောက်စိုက်ရာသီမိုးတွင်းရောက်တိုင်း ညဘက် လယ်ကွင်းများဆီမှ ဆိုင်းသံလိုလို ဘာလိုလို ကြားတတ်ပါကြောင်း။

ယမန်နေ့ညက ပိုမိုကျယ်လောင်စွာ ကြားရပါသဖြင့် ထိတ်လန့်တတ်သူများ ထိတ်လန့်နေပါကြောင်း သိရှိရပါသည်။

သို့ဖြစ်၍ ထိုကိစ္စအမှန်တကယ်မှန်ပါက ကြားသိသူများ (သို့) ၄င်းတို့၏ ဆွေမျိုးများအနေဖြင့် ကုသိုလ်ပြု သူတို့ကို ရည်စူးကာ အမျှပေးဝေစေလိုပါကြောင်း တိုက်တွန်းတင်ပြအပ်ပါသည်။

သထုံ သားသား ကလေး