မင်္ဂလာဈေးမှ အ၀တ်အထည်များ အလစ်သုတ်ခိုးယူသူအားဖော်ထုတ်အရေးယူ

ပို့စ်တင်ချိန် - 7/12/2013 11:51:00 AM



ရန်ကုန်၊ ဇူလိုင် ၁၁

၎.၇.၂၀၁၃ရက်နေ့တွင်အရှေ့ပိုင်းခရိုင်အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များသည် ခိုးမှုများကျူးလွန်ထားကြောင်း သတင်းရရှိသူ
မအုန်းဌေး၊ (ဘ)ဦးမောင်ငွေ၊ (၁၀၇)ရပ်ကွက်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်နေသူအား မင်္ဂလာတောင်ညွှန့်မြို့နယ်၊
ရေတွင်းကုန်းရပ်ကွက်၊ ဗညားဒလလမ်းပေါ် တွင် အမျိုးသားဝတ်
အင်္ကျီသစ်အထည် (၂၀)နှင့်အတူ မသင်္ကာတွေ့ရှိ၍စစ်မေးရာ မင်္ဂလာဈေးပထမထပ်မှ၁၄၀၀အချိန်ခန့်တွင်အလစ်သုတ်ခိုးယူ
ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် သိမ်းဆည်းရမိသဖြင့် မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း (ပ)၄၅၇/၂၀၁၃၊ ပုဒ်မ၃၇၉/၅၄ဖြင့် အရေးယူဆောင်ရွက်ခဲ့ထားရှိပါသည်။
အဆိုပါအမှုမှ တရားခံမအုန်းဌေးအား ဆက်လက်စစ်ဆေးရာ
၂၀၁၃ ခုနှစ်၊ ၅ လပိုင်း၊ ရက်မမှတ်မိ နေ့တွင် မင်္ဂလာတောင်ညွှန့်
မြို့နယ်၊ မင်္ဂလာဈေးဝင်းအတွင်းရှိ အထည်ဆိုင်တစ်ဆိုင်မှ
အ၀တ်အထည် စုစုပေါင်း (၈၅)ထည်အား အလစ်သုတ်ခိုးယူ၍ သင်္ဃန်းကျွန်းစံပြဈေး၊ ပျံကျဈေးတန်းတွင်
ရောင်းချထားကြောင်းစစ်ဆေးပေါ်ပေါက် ပြန်လည်သိမ်းဆည်း
ရမိသဖြင့် မင်္ဂလာတောင်ညွှန့်မြို့မ ရဲစခန်း (ပ) ၄၈၀/၂၀၁၃၊
ပုဒ်မ ၃၈၀/၅၄ ဖြင့် ထပ်မံအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
https://www.facebook.com/yangonpolice တွင်ဖော်ပြထားရှိပါသည်။