သားဖြစ်သူ နဲ့ ပတ်သက်ပြီး ဝေဖန် ပေးစေချင်ကြောင်း ပရိသတ်တွေကို ခင်လှိုင် တောင်းဆို

ပို့စ်တင်ချိန် - 7/12/2013 06:25:00 PM


Popular Journal
အနုပညာ လောကမှာ နှစ်အတော်ကြာ ပရိသတ် အားပေးမှုရရှိ ထားတဲ့ ခင်လှိုင်က သရုပ်ဆောင် အပြင် ဒါရိုက်တာ အဖြစ် နဲ့ပါ အနုပညာ လောကမှာ ရပ်တည်နေ ပြီ ဖြစ်ပါတယ်။ လတ်တလော မှာတော့ ခင်လှိုင်က ကိုယ်တိုင် ဒါရိုက်တာ လုပ်တဲ့ “အမုန်းခံလူမိုက်” ဇာတ်ကားကို သားဖြစ်သူ နေရဲ၊ နေထူးနိုင်၊ အေးမြတ်သူ တို့နဲ့ ရိုက် ကူးနေပါတယ်။ အနုပညာ လောကကို သားဖြစ်သူ နေရဲကိုပါ လက်တွဲခေါ်လာပြီ ဖြစ်တဲ့ ခင်လှိုင်က သားဖြစ်သူ နေရဲ အပေါ် ထားတဲ့ အနုပညာ မျှော်လင့်ချက်နဲ့ ပတ်သက်ပြီး သူ့ အတွေ့အကြုံက တအား နည်းသေးတယ်။ ရှေ့မှာ လည်း ဇာတ်ကား သုံးကား ရိုက်ခဲ့တယ်။ သုံးကား ဆိုတာလည်း ကင်မရာ စမ်းတဲ့ သဘောပါ။ အနု ပညာ နဲ့ ပတ်သက်ပြီး ဘာမှ သိပ်နားမလည်သေးဘူး။

ဒါပေမဲ့ သရုပ်ဆောင် အသစ် တစ်ယောက် အနေ နဲ့ဆိုရင် အစ်ကိုတို့ အတွေ့အကြုံ အရ ဆိုရင် မဆိုးဘူး လို့ ပြော လို့ ရတယ်။ Talent ရှိတယ်။ သေချာ သင်ပေးပြီး အချော သပ်လိုက် ရင်တော့ သရုပ်ဆောင်ကောင်း တစ်ယောက် ဖြစ်နိုင်တယ်။ ဒါက ကိုယ် ပြောရင် ကိုယ့်သား သမီး မို့ ပြောနေတယ် ဖြစ်ဦးမယ်။ ဒီဇာတ်ကားလေး ထွက်လာမှပဲ ပရိသတ်တွေ အနေ နဲ့ ဝေဖန် ပေးစေချင်တယ်။ အခု သူ့ကို မင်းသား၊ မင်းသမီးတွေ ကအစ အားလုံး လက် တွဲခေါ်ကြတယ်” လို့ ပြောပါ တယ်။ သားဖြစ်သူ နေရဲကို အနုပညာ အလုပ်မှာ ဘယ်လိုတွေ ကူညီ ထောက်ပံ့ပေးဖြစ်လဲ ဆိုတာနဲ့ ပတ်သက်ပြီး ခင်လှိုင်က..

“အစ်ကိုက သူ့ကို တတ်နိုင်သလောက် အိမ် မှာစိတ်ကို အဓိကထားပြီး သင်ပေးတယ်။ အနုပညာ သမား တစ်ယောက် မွေးမြူရမယ့် စိတ် ကို သင်ပေး တယ်။ အမြဲတမ်း ဇာတ်ကားတွေ ကို ကိုယ်ချင်းစာစိတ်နဲ့ သရုပ် ဆောင်ဖို့ ပြောတယ်။ အဲဒီလိုစိတ်ဓာတ် လေးတွေ သင်ပေးတယ်”လို့ ပြောပါတယ်။ သရုပ်ဆောင် အပြင် ကိုယ်တိုင် ဒါရိုက် တာပါ လုပ်ဖြစ်လာတဲ့ ခင်လှိုင်က ဒါရိုက်တာက ဇာတ်ကား တစ်ကားလုံးကို တာဝန်ယူ ရတာဖြစ်တဲ့ အတွက် သရုပ်ဆောင် လုပ်ရတာထက် ဒါရိုက်တာ လုပ်ရ တာက ပိုပြီး တာဝန် ပိုကြီးကြောင်း ပြောပါတယ်။

တွယ်တာ