အိုဘားမားရဲ့ မြန်မာနိုင်ငံအပေါ် မွတ်ဆလင်များနှင့်ပတ်သက်၍ ဝေဖန်မှု အထောက်အထားခိုင်လုံဖို့လိုဟု မြန်မာ့နိုင်ငံရေးခေါင်းဆောင်အချို့ ဆို

ပို့စ်တင်ချိန် - 4/30/2014 02:46:00 PM


မြန်မာနိုင်ငံတွင် မွတ်စလင် များအပေါ် ခွဲခြားဆက်ဆံမှုများ ရှိနေသည်ဆိုသည့် အမေရိကန် သမ္မတ အိုဘားမား၏ ပြောဆိုမှု များနှင့် ပတ်သက်၍ ပြဿနာ များ၏ ဇစ်မြစ်ကိုမသိရှိ မလေ့လာ ဘဲ ပြောဆိုခြင်းသာဖြစ်ကြောင်း မြန်မာနိုင်ငံရေးအသိုင်းအ၀ိုင်းမှ တာဝန်ရှိသူအချို့က ဆိုသည်။

မလေးရှားနိုင်ငံသို့ ရောက်ရှိ နေသော အမေရိကန်သမ္မတ ဘာရက်အိုဘားမားက မွတ်စလင် များအပေါ် မြန်မာအစိုးရက ဖိအားပေးဆက်ဆံနေခြင်းမှာ လားရာမကောင်းသော အောင် မြင်မှုမရှိသော ပြုပြင်ပြောင်းလဲမှု ကိုဖြစ်စေနိုင်သည်ဟု ဧပြီလ ၂၇ ရက်နေ့တွင် ပြောဆိုခဲ့ခြင်းဖြစ်ပြီး ယင်းသို့ပြောဆိုခဲ့မှုအပေါ် မြန်မာ နိုင်ငံရေးသမားများက ယခုကဲ့သို့ ဝေဖန်ပြောဆိုလိုက်ခြင်းဖြစ်သည်။

““တစ်ခုခုကိုဝေဖန်တယ်။ သုံးသပ်တယ်။ ဆုံးဖြတ်တယ်ဆို တာက ပြဿနာရဲ့အရင်းမြစ်ကို သိဖို့လိုသလို အဲဒီပြဿနာရဲ့ နောက်ဆုံးအဖြေကိုသိဖို့လိုတယ်။ ဘယ်သူနစ်နာတယ်ဆိုတာ သိဖို့ လိုတယ်။ တကယ်နစ်နာတာက ကိုယ်တို့မြန်မာတွေနစ်နာတယ်””ဟုအမျိုးသားလွှတ်တော်ကိုယ် စားလှယ် တစ်ဦးဖြစ်သည့် ဒေါ်ခင်ဝိုင်းကြည် က ပြောသည်။

““မြန်မာနိုင်ငံမှာ မွတ်စလင် ဘာသာဝင်တွေကို ခွဲခြားဆက်ဆံ တယ်ဆိုတာက ကျွန်တော်မြင် သလောက်ကတော့ ဗုဒ္ဓဘာသာရဲ့ ယဉ်ကျေးမှုအရရော၊ လူမှုပတ်ဝန်း ကျင် ယဉ်ကျေးမှုအရရောမတွေ့ မိဘူး။မွတ်စလင်တွေကို မြန်မာ နိုင်ငံသားတွေက မြန်မာအစိုးရက မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံရေးပါတီ တွေက ဖိနှိပ်ဆက်ဆံတယ်။ ခွဲခြား ဆက်ဆံတယ်ဆိုတာကိုပြောတာက အထောက်အထားခိုင်ခိုင်လုံလုံရှိဖို့ လိုပါတယ်””ဟု အမျိုးသားဒီမိုက ရေစီအင်အားစုပါတီဥက်္ကဋ္ဌ ဦးခင် မောင်ဆွေက ဆိုသည်။

သို့သော်မြန်မာနိုင်ငံတွင် နေထိုင်သူများအနေဖြင့် လူ့အခွင့် အရေးအရ တန်းတူအခွင့်အရေး ရရှိရမည်ဖြစ်သော်လည်း တိုင်း ရင်းသားအခွင့်အရေးတိုင်းရင်းသား များ၏ ရပိုင်ခွင့်နှင့်တန်းတူအခွင့် အရေးရလိုမှုများအတွက် အခွင့် အရေးပေးရန်မလိုကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်သမ်္မတရုံးမှအဆင့်မြင့် အရာရှိတစ်ဦးက အမေရိကန် သမ္မတအနေဖြင့် ယခုကဲ့သို့ပြော ဆိုခဲ့ခြင်းမှာ အမေရိကန်နှင့် မွတ် စလင်ကမ်္ဘာဆက်သွယ်မှုအတွက် လှပသည့်အသုံးအနှုန်းတစ်ခုဟု ယူဆမိကြောင်း၊ မှားယွင်းသည့် သတင်းအချက်အလက်များကြောင့် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ် သည်ဟု ပြည်တွင်းသတင်းစာ တစ်စောင်သို့ ပြောကြားထား သည်။

မျိုးသူ
မြစ်မခ