မလေးရှားရောက် အိုဗာစတေးများအတွက် ၀မ်းမြောက်ဖွယ် အထူးသတင်း

ပို့စ်တင်ချိန် - 9/07/2013 11:51:00 AM


မလေးရှားရောက် အိုဗာစတေးများ အော်ပရာစီ စစ်ဆင်ရေးကြောင့် ကြောက်လန့် ထွက်ပြေးနေရပြီး နေရပ်သို့ ပြန်သူများလည်း အတော်များသွားပါပြီ ကောင်းကောင်းမအိပ်ရ ကောင်းကောင်းမစားရဖြင့် ထွက်ပြေးတိမ်းရှောင်နေရသော ၀ဋ်ဒုက္ခမှ ကင်းလွင်ခွင့်သတင်းတခုကို ယနေ့ ကြားသိလိုက်ရတဲ့ အတွက် အတိုင်းမသိ ၀မ်းသာမိပါတယ်
ယနေ့ ၆ - ၉ - ၂၀၁၃ ထုတ် မလေးရှားနိုင်ငံ တရုတ်သတင်းစာတွင် ဖော်ပြပါရှိတိုင်း အိုဗာစတေးများအတွက် ယခင် 6P ပုံစံကဲ့ သို့  ပြန်လည် ထုပ်ပြန်ပေးပြီး တရားဝင် ပါမစ်များရရှိရေး ပြန်လည်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အော်ပရာစီစစ်ဆင်ရေးကိုလည်း ပြန်လည်ရုပ်သိမ်းမည်ဖြစ်သည့်အတွက် စိုးရိမ်ထိတ်လန့်သည့် ရန်မှ ကင်းဝေးပြီး အထူးပင် ၀မ်းမြောက်စေလိုကြောင်း သတင်းကောင်းပါးအပ်ပါသည်

မူရင်း မင်မင်း