အင်္ဂလန်တွင် တင့်ကားအမောင်းသင်နေသည့် ဘရတ်ပစ်တ်

ပို့စ်တင်ချိန် - 9/07/2013 03:49:00 PM


အသက်(၄၉)နှစ်ရှိ ဟောလီးဝုဒ် မင်းသားသည် အင်္ဂလန်သို့ ရောက်ရှိနေပြီး တင့်ကားအမောင်း သင်နေရာ သံချိန်းကြိုးသံ တညံညံ ဖြစ်နေခြင်းဟု သတင်းများက ဆိုသည်။
ဘရတ်ပစ်တ်တစ်ယောက် ငြိမ်းချမ်းသာယာသည့် အင်္ဂလိပ် ကျေးလက်ဒေသလေး တစ်ခုတွင် ဆူဆူညံညံဖြစ်အောင် လုပ်ဆောင်နေကြောင်း သိရသည်။ အသက်(၄၉)နှစ်ရှိ ဟောလီးဝုဒ် မင်းသားသည် အင်္ဂလန်သို့ ရောက်ရှိနေပြီး တင့်ကားအမောင်း သင်နေရာ သံချိန်းကြိုးသံ တညံညံ ဖြစ်နေခြင်းဟု သတင်းများက ဆိုသည်။

ဂရိဒဏ္ဍာရီလာ စစ်သူရဲကောင်း Archillesအဖြစ် Troyဇာတ်ကားတွင် သရုပ်ဆောင်ဖူးသော ပစ်တ်အနေဖြင့် ယခုတစ်ကြိမ်တွင် ပုံစံကွဲပြားသော အခြားစစ်ပွဲ တစ်ခုအတွက် သရုပ်ဆောင်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။ Fury ဇာတ်ကားတွင် ပစ်တ်သည် ကိုယ်တိုင် တင့်ကားမောင်းနှင်ရန် စီစဉ်ထားရာ ဝစ်ရှိုင်းယား ဒေသတွင် ဒုတိယ ကမ္ဘာစစ်အတွင်း အမေရိကန်တပ်ဖွဲ့များ အသုံးပြုခဲ့သည့် တင့်ကားတစ်စင်းကို အမောင်းသင်ခဲ့ခြင်း ဖြစ်သည်။

(၂၀၁၄)ခုနှစ်၊ နိုဝင်ဘာလတွင် ရုံတင်ရန် စီစဉ်ထားသည့် Fury ဇာတ်ကားသည် ဒုတိယ ကမ္ဘာစစ် ပြီးဆုံးခါနီးက အမှုထမ်းခဲ့သည့် ရှားမန်းတင့်ကား တပ်ဖွဲ့ဝင် အချို့၏ အထုပ္ပတ္တိကို ပုံဖော်ထားခြင်း ဖြစ်သည်။ ပစ်တ်သည် ယင်းဇာတ်ကားတွင် ရှားလီဘော့ဖ်၊ မိုက်ကယ်ပီနာ၊ လိုဂန်လာမန်၊ ဂျွန်ဘရန်သယ်လ် အစရှိသည့် သရုပ်ဆောင်များနှင့် တွဲဖက်ရမည် ဖြစ်သည်။ ထိုဇာတ်ကားကို ယခုဆောင်းဦးပေါက်တွင် စတင်ရိုက်ကူးမည်ဖြစ်ပြီး ဥရောပ နိုင်ငံ အချို့သို့ လှည့်လည် ရိုက်ကွင်းဆင်မည်ဟု သတင်းများလည်း ထွက်ပေါ်လျှက်ရှိသည်။

Planet Myanmar Network