NLDနှင့်တိုင်းရင်းသားပါတီ ၆ ပါတီတွေ့ဆုံဆွေးနွေး

ပို့စ်တင်ချိန် - 9/07/2013 02:48:00 PM


ရန်ကုန်-စက်တင်ဘာ၇

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စတင်တည်ထောင်စဉ်ကတည်းကပင်
အမျိုးသားရင်ကြားစေ့ရေးသည် အဖွဲ့ချုပ်၏
အဓိကလုပ်ငန်းစဉ်ဖြစ်သည့်အလျောက် တိုင်းရင်းသားအားလုံးနှင့်
အမြင်သဘောထားများဖလှယ်နိုင်ရေးကို ယနေ့
နံနက် (၉)နာရီတွင် NLD အဖွဲ့ချုပ်ရုံး၌ တိုင်းရင်းသားပါတီ (၆) ပါတီနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ဆွေးနွေးပွဲသို့ တိုင်းရင်းသားပါတီများဖြစ်ကြသော မွန်ဒီမိုကရေစီပါတီ ၊ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ၊ကမန်အမျိုးသားတိုးတက်ရေးပါတီ၊ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ၊ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် နှင့် ချင်းအမျိုးသားတိုးတက်ရေးပါတီ တို့မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြ သည်။ အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်မှ
ဦးတင်ဦး၊ ဦးဝင်းတင်နှင့် ဒေါ်အောင်ဆန်းစုကြည်၊ဦးဝင်းမြင့် ၊ဒေါက်တာဇော်မြင့်မောင် နှင့် ဦးဇေယျာသော် တို့ 
မှ လက်ခံတွေ့ဆုံ ခဲ့ကြောင်းသိရသည်။
Popular Myanmar News Journal