မောင်တော နယ်စပ်မှာ အမည်မသိ လက်နက်ကိုင် အဖွဲ့ဆီကနေ လက်နက်တွေ ဖမ်းဆီးရမိ သတင်းနှင့် ပတ်သတ်ပြီး

ပို့စ်တင်ချိန် - 10/16/2013 05:56:00 PM


ရခိုင်ပြည်နယ် မောင်တော နယ်စပ်မှာ အမည်မသိ လက်နက်ကိုင် အဖွဲ့ဆီကနေ လက်နက်တွေ ဖမ်းဆီးရမိတယ်လို့ ရဲဌာနတာဝန်ရှိသူတွေနဲ့ 
ဒေသခံတွေက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မောင်တောမြို့နယ် ရဲတပ်ဖွဲ့က တာဝန်ရှိ ရဲမှူးတဦးကို ဆက်သွယ်မေးမြန်းရာမှာတော့ လူတွေကို ဖမ်းဆီးရမိခဲ့ခြင်းမရှိပေမယ့် လုပ်သေနတ်တွေကို ဖမ်းဆီးရမိခဲ့တယ်လို့
ပြောပါတယ်။ မောင်တော ရဲတပ်ဖွဲ့နဲ့ တိုက်ရိုက်ပတ်သက်တဲ့ နယ်မြေ မဟုတ်သလို အလှမ်းဝေးတဲ့အတွက် အဲဒီဒေသက နယ်မြေခံရဲတပ်ဖွဲ့ကသာ အသေးစိတ် သိနိုင်မယ်ဖြစ်တယ်လို့ လည်း ပြောဆိုပါတယ်။
မောင်တောမြို့ နယ် ငခူရနယ်မြေဘက်မှာ စက်တင်ဘာလ ၁၀ ရက်
နောက်ပိုင်းမှာ ဓားပြတွေ ၀င်ရောက်လာရာမှာ သတင်းရလို့ ကင်းပုန်း ၀ပ်နေတဲ့ နယ်မြေခံ ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ပြီးတော့ ထွက်ပြေးသွားတာဖြစ်တယ်လို့ မောင်တောင်မြို့ခံ တဦးကတော့ ပြောပါတယ်။
လက်လုပ်သေနတ်၊ ဓား လှံတွေ၊ လှေတွေကိုလည်း သိမ်းဆည်းရမိခဲ့ပြီး ဓားပြတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သူက ရှင်းပြပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရ တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းရာမှာတော့ လက်နက်တွေဖမ်းမိတယ်ဆိုတဲ့
သတင်းတွေကို မသိရှိကြောင်းဖြေကြားခဲ့ပါတယ်။
DVB TV News