နိုင်ငံတကာ ထီစနစ် ပြောင်းလဲရန် လေ့လာနေ

ပို့စ်တင်ချိန် - 10/11/2013 04:04:00 PM


Published on October 11, 2013 by ဒီဗွီဘီ
အစိုးရ အောင်ဘာလေ သိန်းဆုဌာနဟာ လက်ရှိ ထီစနစ်အစား နိုင်ငံတကာမှာ ဖွင့်လှစ်နေတဲ့ ကွန်ပျူတာ အခြေပြု ထီစနစ်ကို ပြောင်းလဲဖို့ လေ့လာနေတယ်လို့ ဘဏ္ဍာရေး ဒုဝန်ကြီးက ပြောပါတယ်။

အောက်တိုဘာ ၁၁ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအေ၀းမှာ မြင်းခြံအမတ် ဦးဝင်းမြင့်က လက်ရှိ အစိုးရက တေစာင် ကျပ် ၂၀၀ နဲ့ ထုတ်ဝေရောင်းချေနတဲ့ ထီလက်မှတ်တွေကို ပြည်သူတွေက ကျပ် ၂၅၀ ကေန ၃၅၀ အထိ ၅၀ ရာခိုင်နှုန်းကျော် အြမတ်အစွန်းများစွာပေးပြီး ၀ယ်ယူ ကံစမ်းနေရတယ်၊ ဒီအေပ်ါမှာ ထီကုန်သည်ကြီး တချို့ကပဲ ကာလြကာရှည် အကျိုးအြမတ်တွေ ကြီးမားစွာရေနြကတယ်။

အဲဒီ ပြဿနာအေပါ် အစိုးရက ဘယ်လို ပြုပြင်ဖို့ ရှိမလဲ ဆိုတဲ့ မေးခွန်းကို ဒုဝန်ကြီးက ပြန်ဖြေခဲ့တာပါ။
အစိုးရ အောင်ဘာလေ သိန်းဆုဌာနဟာ လစဉ်ထီဖွင့်ပြီး ထီရောင်းလို့ရတဲ့ ငွေထဲက ၄၀ ရာခိုင်နှုန်းကို အခွန်အြဖစ် ရယူကာ ကျန် ၆၀ ရာခိုင်နှုန်းကို ပေါက်မဲတွေအတွက် ပြန်ပြီး ခွဲဝေပေးလျက်ရှိပါတယ်။