ဂျက်စတင်ဘီဘာ G-Dragon နှင့် Psy တို့ Instagram တွင် ဓာတ်ပုံများ ထုတ်ဖော် ပြသ

ပို့စ်တင်ချိန် - 10/11/2013 09:15:00 AM


ဆိုးလ်  အောက်တိုဘာ  ၉
ကနေဒါပေါ့ပ် အဆိုတော် ဂျက်စတင်ဘီဘာသည်  ဘန်ဂီ-ဒေါင်အိုလံပစ် ပန်းခြံ (၁၀)နှစ်ပြည့် အထိမ်းအမှတ် ဖျော်ဖြေပွဲအတွက် ကိုရီးယား နိုင်ငံသို့ လေယာဉ်ဖြင့် သွားရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဖျော်ဖြေပွဲသည် ကိုရီးယား နိုင်ငံတွင် ပြုလုပ်သည့် ဘီဘာ၏ ပထမဆုံး ဖျော်ဖြေပွဲဖြစ်သည်။
ဂျက်စတင်ဘီဘာသည် Psy နှင့် G-Dragon တို့နှင့် တွေ့ဆုံသွားမည် ဖြစ်ပြီး ဘီဘာနှင့် Psy ၏ မန်နေဂျာ စကူတာဘန်တို့သည် ၎င်းတို့၏ ရင်းနှီးမှုကို သက်သေပြရန်အတွက် Instagram တွင် ဓာတ်ပုံများကို ထုတ်ဖော် ပြသခဲ့သည်။

ယင်းဓာတ်ပုံများတွင် ဂျက်စတင်ဘီဘာ၊ Psy နှင့် G-Dragon တို့သည် သူငယ်ချင်း ဟောင်း များကဲ့သို့ ရိုက်ကူးထားပြီး   G-Dragon ၏ နောက်ဆုံး ထွက်ရှိထားသော  တေးအယ်လ်ဘမ် ''Coup D'etat" ကိုလည်း ဖော်ပြထားသည့်အပြင် စကူတာဘန်က မိမိလေးစားရသော သူငယ်ချင်း G-Dragon အတွက် လက်ဆောင်အဖြစ် ထည့်သွင်း ဖော်ပြထားသည်ဟု ရေးသား ထားကြောင်း သိရသည်။
Myawaddy
Written by  ရွှေကူ