အစားလွန်တဲ့ အကျင့်ဆိုတာ

ပို့စ်တင်ချိန် - 12/25/2013 09:15:00 AM


အစားလွန်ခြင်း၏ လက္ခဏာများမှာ စိတ်ကြိုက်စားသောက်ပြီးသည့်နောက် အလွန်အမင်း စိတ်မသက်မသာဖြစ်ခြင်း၊ စိတ်ဆင်းရဲခြင်း၊ မကြာခဏအလွန်အကျူးစားသုံးခြင်းတို့ဖြစ်ကြသည်။
အစားလွန်ခြင်းကို ဝေဒနာတစ်ခုကဲ့သို့ခံစားနေရသူများတွင် အစားလွန်ကျူးခြင်းသည် အမူအကျင့်တစ်ခုဖြစ်လာပြီး ထိန်းချုပ်မရနိုင်တော့လောက်အောင် စွဲလန်းလာတတ်သည်။ ၎င်းတို့သည် စိတ်ဖိစီးမှုနှင့် စိတ်ဓါတ်ကျခြင်းများကို ဖြေဖျောက် နိုင်ရန်အစားအသောက် လွန်ကဲရ ခြင်းဖြစ်သည်ဟု အကြောင်းပြလေ့ရှိ သော်လည်း အမှန်တကယ်စားသုံးပြီး သည့်အခါ စိတ်ခံစားမှု ပိုမိုဆိုးရွားလာလေ့ရှိကြသည်။
အစားလွန်ကျူးသည့် အလေ့အကျင့် ဖြစ်ရခြင်းအကြောင်းရင်းများမှာ
-မိမိကိုယ်ကိုကျေနပ်အားရမှုမရှိခြင်း
-မိမိကိုယ်ကို အဆိုးဘက်က ရှုမြင် သုံးသပ်လေ့ရှိခြင်း
-စိတ်ရှုပ်စရာ၊ ဦးနှောက်ခြောက်စရာအဖြစ်များ မကြာခဏကြုံရခြင်း
-ပြိုင်ဆိုင်မှုပြင်းထန်သည့် ကပွဲ၊ အားကစားပွဲ စသည်တို့၌ ပါဝင်ခြင်း
-အထီးကျန်ခြင်း၊ သင်းကွဲခြင်း
-မျိုးနှင့်ရိုးနှင့်အစားလွန်ကျူးခြင်း တို့ဖြစ်ကြသည်။
အစားလွန်ရောဂါ(bulimia)နှင့် အစားလွန်သည့်အကျင့်တို့မတူသည့်အချက်မှာ အစားလွန်လေ့ရှိသူများသည် အစားလွန်စေသည့်အာသီသကို ချိုးနှိမ်နိုင်ခြင်းမရှိဘဲ အစားလွန်ခြင်းကို တန်ပြန်နိုင်မည့် ကာယ လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ညဘက် အစာမစားဘဲနေခြင်း၊ အန်ထုတ်ခြင်း စသည့်အပြုအမူများကိုပါ ရှောင်ကျဉ်လေ့ရှိသည်။ အာဟာရချင့်ချိန် စားသုံးရန် စိတ်ကူးမရှိကြဘဲ ရောဂါ နှင့်ကိုက်ညီမည့် အာဟာရဓါတ်စာကို အခြားသူတစ်ဦးက စီစဉ်ပေးပါက လိုက်နာရန်ပျက်ကွက်တတ်ကြသည်။

ဇော်ကို
Ref:Healthier foods
Health Updates Journal