မေခလာ ဖြေရှင်းနေရတဲ့ Over 40 နဲ့ Over 20 အကြောင်း

ပို့စ်တင်ချိန် - 12/25/2013 06:30:00 AM



မေခလာက ဒီဇင်ဘာ ၁၁ ရက် နေ့က နေပြည်တော်မှာပြုလုပ်တဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ ဆီးဂိမ်း ဖွင့်ပွဲမှာ “မိုးယံထက်က မြန်မာ ပြည်သား” သီချင်းကို မင်းရံ၊ စစ်သွေး၊ ရှိုင်းဝေယံ တို့နဲ့အတူ သီဆို ခဲ့ပါတယ်။ ဖျော်ဖြေပွဲရဲ့ စင်မြင့်ပေါ်ကိုတက်လှမ်း လာတဲ့ မေခလာကို မင်းရံက လက်လှမ်း ပြီးတွဲခေါ်မှုကို တချို့ပရိသတ်တွေ က အထင်မြင်မှားမှုများရှိခဲ့ပြီး မေခလာဆီကို ဖုန်းတွေဆက်ပြီး မေးနေကြ ကြောင်းလည်း သိရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး “ပြောနေကြတာက မေခလာက Over 40 တွေနဲ့ မတွဲ တော့ဘူး။ Over 20 တွေနဲ့ပဲ တွဲတော့ တယ်ဆိုပြီး ပြောနေကြတော့ အစ်မရဲ့ မိတ်ဆွေတွေ ကလည်း ဖြေရှင်းပေးနေရတယ်။ လားရှိုးက အစ်မနဲ့ တအားခင် တဲ့သူတွေကလည်း ဖုန်းဆက်တယ်။ ဟဲ့..နင် Over 40 မဟုတ်ဘဲနဲ့ 20 တွေနဲ့ တွဲနေ တာလား ဆိုပြီး မေးကြတယ်။ ပထမက အစ်မကို စနေတယ်လို့ပဲထင်နေတာ။ အမှန်တော့ သူတို့ တကယ် မေးနေတာပါ။ နောက်ပြီး ပရိသတ်တွေကလည်း လှမ်းလှမ်း ပြီး ဖုန်းဆက် မေးကြတယ်။ ဒါကြောင့် အစ်မအနေနဲ့ ဖြေရှင်း မှဖြစ်တော့ မယ်လေ။

ဆီးဂိမ်း စင်မြင့်မှာ လှေကားထစ်လေး ရှိတယ်။ လှေကား ထစ်က နည်းနည်းမြင့်တဲ့ အခါ ကျ တော့ မမြင်ရဘူး။ အဲဒီတော့ အစ်မ ရဲ့တူလေးက အဒေါ်ပြုတ်ကျမှာစိုးလို့ လက်နဲ့လှမ်းဆွဲပေးတယ်။ ကျန်တဲ့ စစ်သွေးတို့၊ ရှိုင်းဝေယံတို့ဆွဲလို့ မကောင်းဘူးလေ။ အဲဒါကြောင့် အစ်မရဲ့တူလေး မင်းရံရဲ့ လက်ကိုဆွဲပြီး တက်တာပါ။ မင်းရံက အစ်မရဲ့ အစ်ကိုကြီး နန္ဒကျော်သူ ရဲ့ သားပါ။ အစ်မကိုလှမ်းပြီး ဖုန်းဆက်မေး ကြတဲ့သူတွေက မေခလာက Over 40 တွေနဲ့ မတွဲတော့ဘူး။ Over 20 တွေနဲ့ပဲတွဲတာလား ဆိုတော့ အစ်မ အနေနဲ့လည်း ရယ်ရခက်၊ ငိုရခက် ဖြစ်နေတာပေါ့” လို့ မေခလာက ပြောပြပါတယ်။

မေခလာ နဲ့ ရန်ကျော်တို့က ဒီဇင်ဘာ ၁၇ ရက်နေ့က ဘန်ကောက်ကို မိသားစု အပန်းဖြေ ခရီးထွက်ခွာသွားပြီး ဒီခရီးစဉ် မှာတော့ သမီးဖြစ်သူက စာမေးပွဲရှိ နေတဲ့ အတွက်ပါမသွားဖြစ်ကြောင်း သိရပါတယ်။

လင်းအက္ခရာ
Myanmaalinn