မြန်မာက ထိုင်းကို ပို့တဲ့ "ဂက်စ်" ခေတ္တရပ်မှာ ထိုင်းလုပ်ငန်းရှင်တွေ စိုးရိမ်နေ

ပို့စ်တင်ချိန် - 12/25/2013 02:52:00 PM

 ရတနာ သဘာဝ ဓာတ်ငွေ့တူးဖော်ရေး ကမ်းလွန် လုပ်ကွက် (ဓာတ်ပုံ – မြန်မာ့ အလင်း)

အခု တလော ထိုင်း နိုင်ငံမှာ နိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်နေချိန်နဲ့ တပြိုင်နက် ထိုင်းစီးပွားရေးသမားတွေ အတွက် စိုးရိမ်စရာဖြစ်တာကတော့ မြန်မာက ထိုင်းကို တင်ပို့နေတဲ့ သဘာဝ ဓာတ်ငွေ့ ( ဂက်စ်) တင်ပို့ တာကို ခဏ နားမယ်ဆိုတဲ့ ကိစ္စပါဘဲ။

ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းသတင်းတွေမှာလည်း အတော်ပွဲဆူနေပါပြီ။ ဧရာဝတီ မြန်မာပိုင်း စာမျက်နှာမှာ ဒီ အကြောင်း သတင်းထောက် သန်းထိုက်ဦး ရေးသားတင်ပြထားတဲ့ ထိုင်းသို့ သဘာဝ ဓာတ်ငွေ့ပေးပို့မှု ခေတ္တရပ်ထားမည် ဆိုတဲ့ သတင်း မှာ အပြည့်အစုံ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှတဆင့် ထိုင်းနိုင်ငံသို့ သဘာဝ ဓာတ်ငွေ့ ပေးပို့ ရောင်းချခြင်းကို ၁၅ ရက်ကြာ ခေတ္တ ရပ်ဆိုင်း မည်ဖြစ်ရာ လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် လုပ်ငန်းများ ရပ်ဆိုင်းမည်ကို ထိုင်းစီးပွားရေးသမားများက စိုးရိမ်နေကြကြောင်း သိရသည်။

မြန်မာအစိုးရက လာမည့် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၁ ရက်မှ စတင်ပြီး ၁၅ ရက်နေ့အထိ ထိုင်းနိုင်ငံသို့ သဘာဝ ဓာတ်ငွေ့ပေးပို့မှုများကို ခေတ္တရပ်ဆိုင်းရန် စီစဉ်ထားခြင်း ဖြစ်သည်။
ဧရာဝတီ သတင်း