နည်း ပညာတက္ကသိုလ် ဘာသာရပ်တချို့ သင်သူမရှိ ပျောက်ကွယ်လုနီးပါးဖြစ်နေ

ပို့စ်တင်ချိန် - 9/03/2013 09:19:00 AM

နည်းပညာတက္ကသိုလ်ဘာသာရပ် တ ချို့အား သင်ယူသူမရှိခြင်းကြောင့်  ပျောက်ကွယ်လုနီးပါးဖြစ်နေပြီဟု အဆိုပါတက္ကသိုလ်အသိုင်းအဝိုင်းမှသိရသည်။ ပျောက်ကွယ်လုနီးပါးဖြစ် နေသည့် ဘာသာရပ် တချို့မှာBio Tech(Aqua Tech) နှင့် Food Chemical  စသည့်ဘာသာရပ် တို့ဖြစ်ကြောင်း၊ ယင်းဘာသာရပ် များမှာ ပြည်တွင်းရှိ နည်းပညာ တက္ကသိုလ်တိုင်းတွင် မရှိတော့ဘဲ ကွယ်ပျောက်မည့် အခြေအနေ ဖြစ်နေကြောင်း၊ အဆိုပါ ဘာသာ ရပ်များ သည်သင်ယူမည့် ကျောင်း သားအရေအတွက် နည်းပါးခြင်း နှင့် သင်ထောက်ကူပစ္စည်းမရှိခြင်း ကြောင့် ယင်းကဲ့သို့ပျောက်ကွယ် ကာ သင်ကြားနိုင်ခြင်းမရှိတော့ ကြောင်း သိရသည်။

''တချို့ဘာသာရပ်တွေက လူလဲ သိပ်မသိကြတာတွေရှိတယ်။ သင်လို့ရမယ့် ဘာသာရပ်တွေထဲ က အမှတ်များတဲ့ကျောင်းသား တွေက နာမည်ကြီးဘာ သာရပ် တွေကိုရွေးချယ်ကြတယ်။ ဥပမာ -အီလက်ထရစ်ကယ်ပါဝါနဲ့ မက် ကင်းနစ် ကယ်ပါဝါ တို့လို ကုန်ထုတ် အင်ဂျင်နီယာဘာသာရပ်တွေကို ရွေးချယ်ကြတယ်။ တချို့ကျောင်း သားတွေက သူတို့ကျောင်းပြီးရင် ကိုယ်ပိုင်လုပ်ငန်း ပြန်လုပ်နိုင်မယ့် ဘာသာရပ်တွေရွေးတယ်။ ဘာ သာရပ်တစ်ခုကို တကယ်ဝါသနာ ပါတယ်၊ ပညာလဲသင်ချင်တယ် ဆိုရင် ဆက်ပြီးသင်ကြားပေးပါ တယ်။ အဲဒီလိုဆိုရင် ကွယ်ပျောက် စရာလဲမရှိတော့ပါဘူး''ဟု သန် လျင်နည်းပညာတက္ကသိုလ်မှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။ နည်းပညာတက္ကသိုလ်များ တွင် ပုံမှန် အားဖြင့် ဘာသာရပ် ၂ဝနီးပါးသင်ကြားနိုင်ပြီး အဆိုပါ ဘာသာရပ်များထဲမှ ဘာသာရပ် တချို့မှာ သင်ကြားနိုင်ခြင်းမရှိ တော့ကြောင်း သိရသည်။

သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနမှ ဒုတိယဝန်ကြီးဒေါက်တာ အောင်ကျော်မြတ်က ''Bio Tech  ဘာသာရပ်က ကွယ်ပျောက်သွား တာမဟုတ်ပါဘူး။ ကျောက်ဆည် မှာ တက်လို့ရပါတယ်။ တချို့ ကျောင်းသားတွေက လူမရှိဘူး ဆိုပြီး စိတ်မဝင်စားတော့တာနဲ့ မတက်တော့တာတွေ ရှိပါတယ်။  Food Chemical  ဘာသာရပ်က တော့ မရှိတော့ဘူး''ဟု ပြောသည်။

၂၀၀၈ခုနှစ်တွင် မအူပင် နည်းပညာတက္ကသိုလ်မှ ဘီအီး ဘွဲ့ရရှိခဲ့သူတစ်ဦးက ''ကျွန်မတို့ ကျောင်းတက်စမှာ အဲဒီဘာသာ ရပ်တွေရှိသေးတယ်။ နောက်နှစ် မှာဖြုတ်လိုက်တယ်။ နောက်ပိုင်း မှာတက်ချင်တဲ့ ကျောင်းသားတွေ ကို ကျောက်ဆည် နည်းပညာတက္က သိုလ်မှာ ပြန်ပေါင်းပေးမယ်လို့ ပြောတယ်။ ကျောင်းသားတွေ သိပ် မရှိတဲ့ Petrol နဲ့  Mining တို့လို ဘာသာရပ်တွေတောင် ဆက်ပြီး သင်ပေးနေတယ်လို့ ကြားတယ်။ တချို့ဘာသာရပ်တွေက နယ်တွေ မှာမရှိ တော့ ဘဲ ရန်ကုန်မှာပဲတက် လို့ ရတာတွေရှိတယ်''ဟုဆိုသည်။ နည်းပညာတက္ကသိုလ်များ ကို အဆင့်မြှင့်တင်နေချိန်၌ နည်း ပညာရပ်များ အဆင့်မြှင့်တင်ခြင်း တို့အပြင် ကျောင်းပြီးပါက အလုပ် အကိုင်အခွင့်အလမ်း ရရှိနိုင်ရန်ပါ ဖန်တီး ပေး သင့်သည်ဟု အငြိမ်း စားပညာရေးဝန်ထမ်းတစ်ဦးက ဆိုသည်။

''အခုအသက်မွေးဝမ်း ကျောင်းဘာသာရပ်ဆိုပြီး တက် နေလိုက်ကြတာ။ ကျောင်းလဲပြီး ရော အလုပ်မရကြတဲ့ကလေးတွေ အများကြီးတွေ့နေရတယ်။ ဘယ် လိုဘာသာရပ်မဆို သင်ကြားတတ် မြောက်ပြီး အသုံးချခွင့်မရှိရင် အ လကားပဲ။ ဒီအပိုင်း တွေ ကိုလဲထည့် သွင်းစဉ်းစားကြဖို့ လိုပါတယ်''ဟု အဆိုပါအငြိမ်းစားပညာရေးဝန် ထမ်းက ပြောသည်။ လက်ရှိမြန်မာနိုင်ငံတွင်နည်း ပညာတက္ကသိုလ်ပေါင်း ၃၃ခုဖွင့် လှစ်ထားကြောင်း သိရသည်။

''ဒီဘာသာရပ်တွေက ကျောင်းသားတွေ သိပ်မရှိကြလို့ ကွယ်ပျောက်တော့မလို ဖြစ်နေ ပေမယ့် တက်လို့ရတဲ့နေရာတွေ ရှိပါတယ်။ တချို့ကျောင်းသား တွေကလဲ လူမရှိရင် မတက်ချင် တော့တာ၊ စိတ်မဝင်စားတော့တာ တွေကြား နေရပါ တယ်။ ဒါကြောင့် လဲ ခေတ်မစားတာပါ။ ကျောင်း သားက တကယ်တတ်ချင်တယ်၊ စိတ်ဝင်စားတယ်ဆိုရင်တော့ သင် ကြားပေးသွားမှာပါ။ တက္ကသိုလ် လမ်းညွှန်စာအုပ်ကို သေချာဖတ် ပြီး ကိုယ်လဲဝါသနာပါမယ့် အမှတ် နဲ့ကိုက်ညီမယ့် ဘာသာရပ် ကိုရွေး ချယ်ကြပါလို့ ပြောချင်ပါတယ်'' ဟု ဆိုသည်။

မေသဉ္ဇာ