မလေးရောက် မြန်မာများအတွက် အထူး သတင်း

ပို့စ်တင်ချိန် - 9/03/2013 01:24:00 PM



ခု လတ်တလောအခြေအနေမှာ ငါကတော့ စာအုပ်အမှန်ရှိတယ်ဆိုပြီး အတင့်မရဲပါနဲ့။ ကိုယ့် ပတ်စပို့စာအုပ်ဟာ မလေးရှား လ၀ကမှာ တကယ်ရှိ မရှိ https://eservices.imi.gov.my/myimms/enqApplSts ဒီလခ့်နေရာမှာ စစ်ဆေးကြည့်ပြီးမှ ယုံကြည်စိတ်ချစွာ သွားလာပါ။ 6P နဲ့ အေးဂျင့်တွေနဲ့ သက်တမ်းတဲ့ ပါမစ်တွေကို လုံးဝ စိတ်မချပါနဲ့။ ကျွန်တော့်ဘော်ဒါတစ်ယောက် စာအုပ်ကိုင်ထားပေမဲ့ ဒီနေ့မှ သူ့ပါမစ်က အတုကြီးဖြစ်နေမှန်း သိလိုက်ရတာပါ။ မိမိလုံခြုံရေးအတွက် မိမိစာအုပ်နဲ့ နေထိုင်ခွင့်ပါမစ်ကို အဘက်ဘက်က စစ်ဆေးပါ။

(မလေးရှားနေ ညီနောင်တစ်ဦးမှ ပေးပို့လာပါတယ်။ အထူးဂရုစိုက်ကြပါ။ မလေးရောက်မြန်မာများ အန္တရာကင်းရှင်းကြပါစေလို့ ဆုတောင်းပေးပါတယ်။)

Kayan Times