ဧရာမ ဥကြီး တစ်လုံး အင်္ဂလန်မှာ တွေ့ရှိ

ပို့စ်တင်ချိန် - 7/10/2014 01:44:00 PM


အင်္ဂလန်နိုင်ငံ Essex  ပြည်နယ်၊ Halstead မြို့ရှိ Holy Trinity အမည်ရ ကျောင်း တစ်ခုမှာ ထူးခြား ကြီးမားတဲ့ ဥတစ်လုံးကို တွေ့ရှိကြောင်း သိရ ပါတယ်။


ကျောင်း ဝိုင်းတွင်းက တစ်နေရာမှာ တွေ့ရှိခြင်း ဖြစ်ပါတယ်။ ဥဟာ တမင် ကောလ ဟလ လွင့်ခြင်း မဟုတ်ပဲ မြင်နေကျ အကောင် များရဲ့ ဥ နဲ့ အခွံတူ ပါတယ်။ လေ့လာ သူတို့ရဲ့ စမ်းသပ်ချက် အရလည်း ယင်းဟာ သတ္တဝါ တစ်ကောင်ကောင် ရဲ့ ဥ ဖြစ်ကြောင်း လက်ခံ ယူဆ ထားပါတယ်တဲ့။ အရွယ် အစား ကတော့ ရေအိုးစင် တစ်လုံးစာ ရှိပါတယ်။ ၃ ပေ ပတ်လည် အချင်း ရှိတဲ့ ဥ ဖြစ်ပါတယ်။

အလေးချိန် ကတော့ မသိရ ပါဘူး။ ကျောင်းသားကျောင်းသူ ၂၅၀ ကျော်က မြင်တွေ့ ခဲ့ရပြီး ဆရာ ဖြစ်သူကို သတင်းပေးခဲ့ခြင်း ဖြစ်ပါတယ်။ စစ်ဆေးမျုများ ပြုလုပ်နေကြောင်း ဆိုပါတယ်။ သတင်းကို Metro.co.uk မှာ ဝင်ရောက် ဖတ်ရှု နိုင်ပါတယ်။

http://metro.co.uk/2014/07/09/giant-alien-egg-at-school-terrifies-pupils-4792908/

အောင်ခမ်း (www.innewsmyanmar.com)