မေတ္တာရှင် ရွှေပြည်သာ ဆရာတော် ဘ၀ဖြင့် ကျော်ကြားခဲ့သည့် ဦးစိုးမြင့် ဂျာမနီနိုင်ငံတွင် ဇနီးနှင့် အခြေချနေထိုင်မည်

ပို့စ်တင်ချိန် - 8/01/2014 10:34:00 AM



မေတ္တာရှင် ရွှေပြည်သာ ဆရာတော်မှ လူဝတ်လဲ လိုက်သော ဆရာ ဦးစိုးမြင့် အနေဖြင့် အင်္ဂလိပ်စာများကို သင်ယူ၍ ပြည်ပနိုင်ငံများသို့ စာအုပ်ထုတ်ဝေဖြန့်ချီ သွားမည်ဖြစ်ကြောင်းနှင့် အိမ်ထောင်ဖက်နှင့်အတူ ဂျာမနီ နိုင်ငံတွင် အခြေချ နေထိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
မေတ္တာရှင် ရွှေပြည်သာ ဆရာတော် လူဝတ်လဲပြီး ဦးစိုးမြင့် အမည်ဖြင့် ဂျာမနီ နိုင်ငံတွင် ယင်း၏ အိမ်သူနှင့်အတူ လေးငါးနှစ်ခန့် နေထိုင်ရန် ရည်ရွယ်ထားပြီး အင်္ဂလိပ်စာကို အဓိကထားသင်၍ စာအုပ်ထုတ်ရန် ရည်ရွယ်ထားပြီး ရရှိသည့် အကျိုးအမြတ်များကိုလည်း ယခင်က လုပ်ကိုင်ခဲ့သော ပရဟိတ လုပ်ငန်းများကို ဆက်လက် လှူဒါန်း အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။
“သူက ငယ်ဖြူလည်းဖြစ်တော့ အတန်းပညာက သိပ်မသင်ခဲ့ရဘူး။ အင်္ဂလိပ်စာ တတ်ဖို့ဆိုတာ ပိုဆိုးတယ်။ ဒါကြောင့် သူဂျာမနီနိုင်ငံကို ရွေးချယ်ခဲ့တာပါ။ ဟိုမှာက ထမင်းစားရေးသောက်ကအစ အင်္ဂလိပ်လိုပဲ အဓိကထား ပြောနေကြတာပါ။ သူက အဲဒီမှာ အင်္ဂလိပ်စာသင်ရင်း စာအုပ် ထုတ်မှာပါ” ဟု ညီဖြစ်သူ ဦးစိုးတင့်မှ ပြောသည်။ယခုလက်ရှိ ဦးစိုးမြင့်သည် ဂျာမနီနိုင်ငံတွင် အင်္ဂလိပ်စာ သင်ယူပြီး ပြည်ပနိုင်ငံများသို့ စာအုပ် ထုတ်ဝေရခြင်း ရည်ရွယ်ချက်မှာ ပြည်တွင်း၌ စာအုပ်ထုတ်လျှင် ရရှိသည့်ငွေမှာ ပြည်တွင်းမှငွေများ ဖြစ်သည့် အတွက် ပြည်တွင်းမှ သူများကို ပြန်လှူလျှင် ကိုယ့်နိုင်ငံက ငွေနဲ့ ပြန်လည်ပတ်သလိုမျိုး ဖြစ်မှာ စိုးသောကြောင့် ပြည်ပနိုင်ငံများသို့ စာအုပ်ထုတ်ပါက ပြည်ပမှ ၀င်ငွေများ ရရှိလာသည့်အပြင် အကယ်၍ စာအုပ်တစ်အုပ်ပေါက် သွားပါကလည်း ဒေါ်လာ သန်းချီ ရနိုင်သောကြောင့် ပြည်တွင်း၌ မထုတ်ပဲ ပြည်ပမှ ၀င်ငွေများဖြင့်သာ မိမိ၏ စားဝတ်နေရေးကို ဖြေရှင်းသလို ပရဟိတ လုပ်ငန်းများကိုလည်း ဆက်လက် လှူဒါန်းသွားမည်ဟု သိရသည်။
ဦးစိုးမြင့်သည် ယခင်က တရားဟောရာတွင်လည်း ပြည်ပနိုင်ငံများတွင် အများဆုံး ဟောကြားခဲ့ပြီး ပြည်ပမှ ရရှိသည့် ဓမ္မပူဇာ ငွေများဖြင့် ပြည်တွင်းမှ ပရဟိတ လုပ်ငန်းများကို ထောက်ပံ့ပေးခဲ့သလို အချိန်တန်ပါက ရဟန်းဘ၀သို့ ပြန်လည်ဝင်ရောက်မည် ဖြစ်ကြောင်းနှင့် ရောက်ရှိပါကလည်း တရားဟောခြင်း၊ ပရဟိတ လုပ်ငန်းများကို လုပ်ကိုင်ခြင်း မပြုတော့ပဲ တရားအားထုတ်မှု တစ်ခုတည်းကိုသာ လုပ်ဆောင်သွားမည် ဖြစ်သလို ယခုလည်း နောက်ဆုံးအနေနဲ့ စွန့်စားခြင်း ပြုလုပ်ခြင်း ဖြစ်ကြောင်းကို ဦးစိုးမြင့်၏ ညီ ဦးစိုးတင့်မှ ထပ်မံပြောကြားခဲ့သည်။

Tomorrow