မိုးသက်လေပြင်းတိုက်ခတ်၍ လူတစ်ဦးသေဆုံးပြီး ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်

ပို့စ်တင်ချိန် - 5/17/2014 07:42:00 PM


မြစ်သား မေ ၁၇

မြစ်သားမြို့နယ်တွင် မေလ(၁၅)က် ည(၈)နာရီကျော်တွင် မိုးသက်လေပြင်း တိုက်ခတ်မှုများ ဖြစ်ပေါ်ခဲ့ သောကြောင့် လူတစ်ဦး သေဆုံးခဲ့ပြီး ကျောင်းများ၊ လူနေအိမ်များ၊ လျှပ်စစ်ဓါတ်တိုင်များ၊ ဆက်သွယ်ရေး
တိုင်များ ပြိုလဲခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။
မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် သရက်ပင် ကံဆွယ်အုပ်စု ကံဆွယ်ကျေးရွာနေ မ----- အသက်(၁၄)နှစ် အရွယ်သည် နေအိမ်အတွင်း ရှိနေစဉ် အနီးရှိသစ်ပင်ပြိုလဲကာ အိမ်ပေါ်ကျ၍ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး မိုင်းမောတိုက်နယ်ဆေးရုံသို့ အချိန်တင်ပို့ရာ ည(၁၁)နာရီတွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။




ထို့အပြင် မိုးသက်လေပြင်း တိုက်ခတ်မှုများကြောင့် မြို့မအရှေ့ရပ်ကွက်၊ ဘူတာရပ်ကွက်၊ ကူမဲရဲစခန်း၊ မိုင်းမောကျေးရွာ အုပ်စုတို့တွင်လည်း လူနေအိမ်များ၊ အခြေခံ စာသင်ကျောင်းများ၊ လိုင်းခန်းများ အမိုးများ လန်ခြင်းနှင့် သစ်ပင်များ လှဲ၍ နေအိမ်များ ပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့ပြီး နွားတစ်ကောင်လည်း သစ်ပင်ပိ သေဆုံးခဲ့ကြောင်း သိရှိရသည်။

MOI Webportal Myanmar