အမတ်လောင်းက သမ္မတဦးသိန်းစိန်ကို ၎င်း၏မဲဆန္ဒနယ်တွင် ကိုယ်စားမဲဆွယ်ခွင့် တောင်းလျှင်ပင် ခွင့်ပြုမည်ဟုဆို

ပို့စ်တင်ချိန် - 5/17/2014 01:06:00 PM


လာမည့်ကြားဖြတ်ရွေး ကောက်ပွဲများတွင် လွှတ်တော် ကိုယ်စား လှယ်လောင်း တစ်ဦးက နိုင်ငံတော် သမ္မတဦးသိန်းစိန်ကို ဖိတ်ကြား၍ မိမိကိုယ်စား မဲဆွယ် စည်းရုံးခွင့်ကို ကော်မရှင်သို့  တောင်းခံလာပါက ခွင့်ပြုပေးမည် ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။

ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် သတင်းစာနှင့် စာနယ် ဇင်းဆိုင်ရာအဖွဲ့တို့ မေလ ၁၆ ရက်၌ Summit Parkview ဟို တယ်တွင် တွေ့ဆုံစဉ် အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ မကြာမီထုတ်ပြန် မည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများ စုဝေးဟောပြောခွင့် နှင့် မဲဆွယ်စည်းရုံးခွင့် ညွှန်ကြား ချက်အတွက် သက်ဆိုင်ရာ လွှတ် တော်မဲဆန္ဒနယ်အလိုက် ၀င် ရောက်ယှဉ်ပြိုင်ရန် စိစစ်အတည် ပြုပြီးဖြစ်သည့် လွှတ်တော်ကိုယ် စားလှယ်လောင်း (သို့မဟုတ်)ယင်း၏ ရွေးကောက်ပွဲကိုယ်စားလှယ် (သို့မဟုတ်) ယင်းပါတီကိုယ်စား လှယ်လောင်းက ဤကိစ္စအလို့ငှာ စာဖြင့် အခွင့်အာဏာလွှဲအပ်ထား ခြင်းခံရသူတို့က စုဝေးဟောပြော ခွင့်ရှိသည်ဟု ဖော်ပြပါရှိသည်။

စာဖြင့် အခွင့်အာဏာလွှဲ အပ်ထားသူများ ရှိပါက ထိုသို့ အခွင့်အာဏာ လွှဲအပ်သည့်စာကို သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲသို့ လျှောက်လွှာနှင့် အတူ တစ်ပါတည်းပေးအပ်စေရ မည်ဟုလည်း ဖော်ပြပါရှိသည်။

‘‘သမ္မတကတော့ ခေါ်ရင်လည်း လိုက်ချင်မှ လိုက်မှာပေါ့။ လိုက်မယ်မထင်ပါဘူး’’ဟု ပြည်ခိုင်ဖြိုး ပါတီဗဟို ကော်မတီဝင်ဦးလှဆွေက သုံးသပ်ပြောဆိုသည်။

ထို့ကြောင့် ရွေးကောက်ပွဲ ၀င်မည့် လွှတ်တော်ကိုယ်စား လှယ်လောင်းများအနေဖြင့် မိမိ နှစ်သက်မည့်သူကို မိမိမဲဆန္ဒနယ် တွင် ကိုယ်စားဟောပြောစည်းရုံး ခွင့် တောင်းလာလျှင် ပေးမည်ဖြစ်ကြောင်း ဦးတင်အေးကဆိုသည်။

Author: အောင်သူရ၊ သန်းဌေး
7DAY DAILY