တူရကီ သပိတ် ဖြိုခွဲပစ်

ပို့စ်တင်ချိန် - 5/17/2014 12:55:00 PM

ရဲနဲ့ လူအုပ် ရင်ဆိုင်တိုး

ကျောက်မီးသွေးတွင်းတူး သမား သုံးရာလောက် သေဆုံးခဲ့တဲ့ တူရကီ နိုင်ငံ ဆိုမာမြို့မှာ ထောင်နဲ့ ချီတဲ့ ဆန္ဒပြ လူအုပ်ကြီး ကို အဓိကရုဏ်း နှိမ်နင်းရေး ရဲက မျက်ရည်ယို ဗုံးတွေ၊ မီးသတ်ပိုက် တွေနဲ့ ဖြိုခွဲ ခဲ့ပါတယ်။

ရဲက လူစု ခွဲခိုင်းချိန်မှာ ဆန္ဒပြ လူအုပ်ကြီးက ကျောက်တုံးတွေနဲ့ ဟစ်ကြွေး ပစ်ပေါက်ခဲ့ရာက ဖြိုခွဲ ခံခဲ့ရတာပါ။

မိုင်းတွင်း ပေါက်ကွဲမှုဟာ ပေါ့လျော့မှုကြောင့် ဖြစ်တာ မဟုတ်ဘူးလို့လည်း မိုင်းတွင်း ပိုင်ရှင်တွေက ငြင်းဆိုခဲ့ပါတယ်။

သေဆုံးသွားတဲ့ ကျောက်မီးသွေးတွင်းတူး သမားတွေ အတွက် ဝတ်ပြု ဆုတောင်းပွဲတွေကို တူရကီ နိုင်ငံ တလွှား ကျင်းပ ခဲ့ကြပါတယ်။

bbc burmese