ထောင်မှထွက်၍ ဇနီးသည်ကို နောက်မီးလင်းသည် ဟုစွပ်စွဲကာ သတ်

ပို့စ်တင်ချိန် - 5/17/2014 12:26:00 PM


လဒါန်ဘူကစ်ဒါရာ့(Ladang Bukit Darah)ရှိ နေအိမ်တွင် ဇနီးဖြစ်သူကို မကြာသေးမီက ထောင်မှ ထွက်လာသောအရက်အလွန်အကျွံမူးနေသူက သတ်ခဲ့သည်။
ထိုသူသည် အောက်တိုဘာလ ၁၂ ရက်တွင် ထောင်မှလွတ်လာကာ အိမ်တွင် သောင်းကျန်းနေပြီး တနင်္ဂနွေည ၈ နာရီခန့်တွင် မူးမူးရူးရူးဖြင့် ဇနီးဖြစ်သူ အသက် ၃၅ နှစ်အရွယ်မူရူဂါ မာလ်ကုပ်ပူဆာမီ(Murugamal Kuppusamy)ကိုနောက်မီးလင်းသည်ဟု စွပ်စွဲခဲ့သည်။ လင်မယားစကားရန်ဖြစ်ကြကာ လင်ဖြစ်သူ ၃၂ စင်တီမီတာ ရှည်သောဓါးဖြင့် မယားဖြစ်သူကို အကြိမ် ပေါင်းများစွာထိုးခဲ့သည်။ သွေးအလိမ်းလိမ်းပေကျံလျက် ဇနီးဖြစ်သူသည် အိမ်ထဲမှပြေးထွက်ကာ အိမ်နီးချင်းများထံသို့အော်ဟစ် အကူအညီတောင်းခဲ့သည်။ ခင်ပွန်းသည် မိန်းမလိုက်သို့ထပ်ကြပ်မကွာလိုက်ကာ မိန်းမနောက်ကြောသို့နောက်ထပ် ၆ ချက်ထိုးခဲ့သေးသည်။
အိမ်နီးချင်းများက ၀ိုင်းဝန်းခြိမ်းခြောက်ကြ ၍ခင်ပွန်းဖြစ်သူသည် သွေးအိုင်ထဲလဲသေနေသောဇနီးကိုထားခဲ့ပြီး ထွက်ပြေးသွားသည်ဟု ဂွမ်ဘတ် အေစီပီအရာရှိက ပြောသည်။ ‘ည ၉ နာရီ၊ မိနစ် ၄၀ လောက်မှာ ခင်ပွန်းဖြစ်သူက အာမန်ဂျာရာ(Aman Jaya)ရဲစခန်းရောက်လာပြီးအဖမ်းခံတယ်။ အမှုကိုပြစ်မှုဆိုင်ရာ ပုဒ်မ ၃၂၄၊ ပုဒ်မ ၅၀၆ နဲ့စုံစမ်းစစ်ဆေးနေတယ်’ဟု အရာရှိက ပြောသည်။ သေဆုံးသူဇနီးသည် အိမ်ခြံ ယာသမား အလုပ်ကို ၃ လခန့်လုပ်ကိုင်ဖူးသည်။ဆွန်ဂိုင်း ဘုလုဆေးရုံရှိရင်ခွဲရုံသို့ စစ်ဆေးရန်ပို့ထားသည်ဟု အရာရှိက ပြောသည်။
အသက် ၁၅ နှစ်အရွယ်အကြီးဆုံးသားသာဘန်(Thaban)က ဖခင်ဖြစ်သူသည် အိမ်သို့မူးလျက် ပြန်လာတတ်သည်ဟု ပြောသည်။ ‘ကျွန်တော့် အမေကိုရိုက်ရင်လဲ ရိုက်တယ်။ အမေက ကျွန်တော်တို့ မောင်နှမကိုဆွေမျိုးတွေဆီ နေခိုင်းတာဆိုး တယ်ဗျာ’ဟု သာဘန်က ပြောသည်။ သာဘန်တွင် အသက် ၆ နှစ်အရွယ် မွေးချင်းတစ်ယောက်ရှိ သည်။

The Star ( Malaysia)

World-Myanmar