တစ်နေ့လျှင် အမျိုးသား ၇ ဦးအထိဝန်ဆောင်ပေးရသည့် နိုင်င်ငံခြားသူများကို ကယ်တင်ခဲ့

ပို့စ်တင်ချိန် - 5/17/2014 12:48:00 PM


ဆင်းရဲလှသောဘ၀မှရုန်းထွက် လျှင် ကောင်းမွန်သောဘ၀ပိုင်ဆိုင်ရလိမ့်မည်ဟူသောစိတ်ကူးဖြင့် ဌာနေကို စွန့်ခွာခဲ့ကြသည်။
သို့သော် လက်တွေ့ဘ၀တွင် နိုင်ငံ ခြားသားအမျိုးသမီးဒါဇင်ပေါင်းများစွာသည် ဟိုတယ်အများအပြားတွင် ပြည့်တန်ဆာ အလုပ်လုပ်ရန် ချောက်တွန်းခံရကာ ကံဆိုးမိုးမှောင်ကျခဲ့ကြသည်။
အမျိုးသမီးများသည် တစ်နေ့လျှင် အမျိုးသား ၇ ဦးအထိ ၀န်ဆောင်မှုပေးရကာ စားဝတ်နေရေး အခြေအနေ မှာလည်း ဆိုးဝါးလှသည်ဟု နိုင်ငံတော် လောင်းကစားဆန့်ကျင်ရေးနှင့် လျှို့ဝှက်လူမှုအစီနီယာ လက်ထောက် ညွှန်ကြားရေးမှူး ဒါသွတ်အပ်ဒူလ်ဂျာလီဟက် ဆန်(Datuk Abdul Jalil Hassan)က ပြောပြသည်။
‘အမျိုးသမီးတွေကို ဟိုတယ်အခန်းတွေမှာ အပိတ်ခံ ရတယ်။ လူ ၂ ယောက်နေရမဲ့အခန်းမှာ အယောက် ၂၀ ထားတယ်’ဟု အရာရှိက ရှင်းပြသည်။
အမျိုးသမီးများသည် မွေ့ရာ ၃ ခုပေါ်တွင် ဘေးချင်းယှဉ်အိပ်ရပြီး၊ စားပွဲအ သေးလေး ၁ လုံးဖြင့် စားစရာနှင့် အချိုရည်များချထားပေးသည်။
မီးမှိန်မှိန်အနှိပ်ခန်းများသို့ဝန်ဆောင်မှုပေးရန် မသွားမီအမျိုးသမီးများ သည် မွေးပွ ၀က်ဝံရုပ်များနှင့် ခေါင်းအုံးပွပွများ အသုံးပြုကာ အိပ်စက်ရသည်။အနှိပ်ခန်းမျက်နှာစာတွင် စွဲမက်ဖွယ် အမျိုးသမီးများ၏ ဓါတ်ပုံများချိတ်ဆွဲထားသည်။ နှိပ်နယ်လျှင်အသုံးပြု နိုင်မည့်ခေါက်ကုတင်ငယ်များကိုဆိုင်ခန်းအတွင်းတွင် ရဲများက တွေ့ရှိခဲ့သည်။
မလေးရှားနိုင်ငံအတွင်းသို့ခေါ်ဆောင်လာသည့်လူကုန်ကူးသမားများ ကိုဝန်ဆောင်ခပေးရန် အမျိုးသမီးများ သည် ၁ နှစ်တိတိလိင်ဝန်ဆောင်မှုပေးရမည်ဖြစ်သည်။
ယမန်နေ့သန်းခေါင်အချိန်တွင် ဘူကစ် အာမန်လူကုန်ကူးဆန့်ကျင်ရေးဌာနစိတ်(Bukit Aman’s Anti-Human Trafficking Unit)သည် နေရာ ၃ ခုသို့ရုတ်တရက်စစ်ဆေးရေးဝင်ခဲ့စဉ် အမျိုးသမီးများကို ကယ်ထုတ်နိုင်ခဲ့သည်။ကယ်ထုတ်နိုင်သောအမျိုးသမီးပေါင်း ၅၄ ဦးရှိပြီး၊ အသက် ၂၀ နှစ်နှင့် ၃၆ နှစ်ကြား အင်ဒိုနီးရှား ၄၂ ဦး၊ ဗီယက်နမ် ၈ ဦး၊ တရုတ် ၁ ဦးနှင့် အိန္ဒိယ ၃ ဦးတို့ဖြစ်သည်။
အချို့သည် လွန်ခဲ့သည့် ၄ လတွင် မလေး ရှားသို့ရောက်ခဲ့ကြပြီး၊ အချို့မှာ ရက်သတ္တပတ် ၁ ပတ်သာ ရှိသေးသည်ဟု အရာရှိက ရှင်းပြသည်။အမျိုးသမီးများကိုအင်တာဗျူးမေးမြန်းသည့်အခါ လိင်ပိုင်းဆိုင်ရာ အဓမ္မခိုင်းစေခံရသည်ဟု ထွက်ဆိုကြကြောင်း အရာရှိက ဖြည့်စွက်ပြောသည်။
အတွင်းတွင် အမှန်တစ်ကယ်လုပ်ကိုင်သည့် လုပ်ငန်းမသိရှိဘဲ ယင်းအဆောက်အအုံများတွင် လုပ်ပိုင်ခွင့်ချပေးသည့် သက်ဆိုင်ရာပြည်တွင်းဌာန များကို အရာရှိက ပြစ်တင်ရှုတ်ချသည်။အဆောက်အအုံများကို မီးသတ်နှင့်ကယ်ဆယ်ရေးဌာန တာဝန်ရှိသူများက စစ်ဆေးပြုပြင်ခဲ့ရာ အတွင်းတွင် ပုန်းလျှိုးအခန်းငယ်များမရှိကြောင်း အရာရှိက ထည့်သွင်းပြောခဲ့သည်။
The Star