မနက်စာနဲ့ နေ့လည်စာ များများစားတာက သင့်ရဲ့အလေးချိန်နဲ့ သွေးတွင်း သကြား ပါဝင်မှု ပမာဏ ကို ကူညီ ထိန်းချုပ်ပေးနိုင်

ပို့စ်တင်ချိန် - 5/17/2014 04:46:00 AM


တစ်နေ့ကို အ၀စားနှစ်နပ်စားခြင်းဟာ မကြာမကြာအစာပြေစားတာထက်ပိုကောင်းတယ်လို့ လေ့လာမှုတစ်ခုကနေသိရှိရပါတယ်။

တစ်နေ့ကို ပန်းကန်အပြည့်နဲ့ အစားနှစ်နပ်စားတဲ့သူတွေက ၁ စတုံရဲ့လေးပုံတစ်ပုံ အလေးချိန်လျော့ကျကြောင်း အဲဒီ့လေ့လာစမ်းသပ်မှုအတွင်း တွေ့ရှိရပါတယ်။

သင့်ရဲ့ခါးက တာရာအပိုကြီးကို စွန့်ပစ်ဖို့ရုန်းကန်နေရပါသလား။ အစားအသောက်များများကိုတစ်ချိန်ထဲမှာ အားရပါးရစားပါလို့ သိပ္ပံပညာရှင်တွေကဆိုပါတယ်။

တစ်နေ့မှာ နည်းနည်းစီ အစာပြေ ခြောက်ခါစားတာထက် မနက်စာနဲ့ နေ့လည်စာတွေများများစားသုံးခြင်းဟာ အလေးချိန်နဲ့ သွေးအတွင်းသကြားဓာတ်ပါဝင်မှုကိုထိန်းချုပ်ရာမှာပိုပြီးကောင်းမွန်ထိရောက်ပါတယ် လို့အဲဒီ့လေ့လာမှုကဆိုပါတယ်။

ဆီးချိုအမျိုးအစားနံပါတ်၂ ရှိတဲ့ ဝေနာရှင် တွေအတွက် အဲဒီ့လို အ၀စားနှစ်နပ်စားတာဟာ မကြာခဏအစာပြေစားတာထက် ပိုကောင်းမွန်တယ်လို့လေ့လာတွေ့ရှိခဲ့ရပြီး ပိန်သွယ်အောင်ကြိုးစားနေသူတွေအတွက်လည်း ပိုမိုအကြိုးရှိတယ်လို့ဆိုပါတယ်။

ဒီရလဒ်ဟာ  ‘မနက်စာကို ဘုရင်တစ်ပါးလိုစားပါ။ နေ့လည်စာကို မင်းသားတစ်ပါးလိုစားပါ။ ညစာကို သူဆင်းရဲတစ်ယောက်လိုစားပါ’ လို့ဆိုတဲ့ရှေးဆိုရိုးစကားကို ထောက်ခံနေသလိုဖြစ်နေပါတယ်။

အခုနောက်ဆုံးလုပ်တဲ့လေ့လာတွေ့ရှိမှုဟာ ပြီးခဲ့တဲ့လက ထွက်ပေါ်လာပြီး အစာပြေစားခြင်းဟာ တစ်နေ့မှာ အစာသုံးနပ် အ၀စားတာထက်ပိုဆိုးတယ်လို့ဆိုထားတဲ့ အစီအရင်ခံစာတစ်ခု နောက်ပိုင်းဖြစ်လာတဲ့ လေ့လာတွေ့ရှိမှုဖြစ်ပါတယ်။

အဆီပါဝင်မှု၊ သကြားဓာတ်ပါဝင်မှုများတဲ့အစားအစာတွေကို မကြာခဏစာသုံးခြင်းဟာ အသည်းထဲမှာ သိုလှောင်ထားတဲ့ ကိုလက်စထရောနဲ့ ခါးတစ်ဝိုက်က အဆီတွေကို တိုးစေကြောင်းနဲ့ အစားပမာဏပိုမိုစားသုံးခြင်းကြောင့်မဟုတ်ကြောင်း dutch လူမျိုးသုတေသနပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။

Cezech သမ္မတနိုင်ငံကအဖွဲ့သားတွေဦးဆောင်တဲ့ နောက်ဆုံးလေ့လာမှုမှာ အသက် ၃၀ ကနေ ၇၀ အတွင်းရှိပြီး အဖြစ်အများဆုံးနဲ့အစားအစာကထိန်းချုပ်တဲ့ ဆီးချိုအမျိုးအစားနံပါတ်၂ ကိုကုသနေရတဲ့ လူနာပေါင်း ၅၄ ယောက်ကိုစောင့်ကြည့်ခဲ့တာဖြစ်ပါတယ်။

အဲဒီ့လူနာတွေကို အစားအသောက်ပုံစံနှစ်မျိုးထဲကတစ်မျိုးကို ရွေးချယ်ခိုင်းခဲ့ပါတယ်။ ပုံစံတစ်မျိုးစီမှာ တစ်နေ့တာလိုအပ်တဲ့ ကယ်လိုရီပမာဏထဲ့လျော့နည်းတဲ့ ၅၀၀ ကယ်လိုရီပါဝင်ပါတယ်။

၂၇ ရောက်ပါအုပ်စုဟာ ရသတ္တပတ် ၁၂ ပတ်ကြာ အစာအနည်းငယ်သာအစာပြေစားခဲ့ပြီး ကျန်အုပ်စုကတော့ မနက်စာနဲ့ နေ့လည်စာကို အ၀စားခဲ့ပါတယ်။

အဲဒီ့နောက်မှာတော့ အဲဒီ့အုပ်စုနှစ်ခုကို သူတို့ရဲ့အစားစားသောက်မှုနည်းလမ်းအချင်းချင်း လဲလှယ်စေခဲ့ပြီး နောက်ထပ်သုံးလ ဆက်ပြီးလေ့လာခဲ့ပါတယ်။

သုတေသနအဖွဲ့ဟာ အသည်းအဆီပါဝင်မှုပမာဏ၊ အင်ဆူလင် စွမ်းရည်နဲ့ အင်ဆူလင်ထုတ်ပေးတဲ့ ပန်ခရိယ beta ဆဲလ်တွေကိုတိုင်းထာလေ့လာခဲ့ပါတယ်။

Diabetologia အမည်ရှိတဲ့ဂျာနယ်မှာဖေါ်ပြခဲ့တဲ့ အဲဒီ့လေ့လာမှုမှာ အဆိုပါ အစားအသောက်ပုံစံနှစ်မျိုးလုံးက ခန္ဓာကိုယ် အလေးချိန်ကျစေခဲ့ပေမယ့်။ အစားကိုဝအောင်စားတဲ့ အုပ်စုက ပိုပြီး အလေးချိန်ကျဆင်းခဲ့ကြောင်း ဆိုပါတယ်။

တစ်နေ့နှစ်ကြိမ်အ၀စားသူတွေဟာ တစ်စတုံရဲ့ တစ်ဝက် (၃.၇ ကီလိုဂရမ်) အလေးချိန်လျော့ကျခဲ့ပြီး အစာပြေစားသူတွေက တစ်စတုံရဲ့ လေးပုံတစ်ပုံ (၂.၃ ကီလိုဂရမ်) ကျဆင်းခဲ့တာဖြစ်ပါတယ်။

အုပ်စုနှစ်စုစလုံးကတော့ အသည်းအဆီကျခဲ့ပေမယ့် တစ်နေ့နှစ်နပ်အ၀စားတဲ့သူတွေက အနည်းငယ်ပိုကျခဲ့ပါတယ်။

ဆီးချိုရောဂါကိုဖြစ်စေတဲ့ ပါဝင်ပစ္စည်းတွေနဲ့ပါတ်သတ်တဲ့ အလားတူအကျိုးရလဒ်တွေကိ လည်းတွေ့ရှိခဲ့ပါတယ်။

ဒီလေ့လာမှုအရ ဓာတုပစ္စည်းတွေဖြစ်တဲ့ hormone glucagon နဲ့ အင်ဆူလင်ဟော်မုန်း ထုတ်လုပ်မှုဖြစ်စဉ်မှာပါဝင်တဲ့ C-peptide ပရိုတိန်း ပမာဏ တွေနဲ့ ပါတ်သတ်ပြီး အစာကို အ၀နှစ်နပ်စားတဲ့သူတွေမှာကောင်းမွန်တဲ့ အကျိုးရလဒ်တွေဖြစ်ပေါ်စေတယ်လို့ဆိုပါတယ်။

Prague မြို့မှာရှိတဲ့ Institute for Clinical and Experimental Medicine က ဒေါက်တာ Hana Kahleová က ‘ ကယ်လိုရီပိတ်ပင်ထားတဲ့ မနက်စာနဲ့ နေ့လည်စာအ၀စား စားသောက်မှုပြုလုပ်နေတဲ့ ဆီးချိုအမျိုးအစားနံပါတ်၂ လူနာတွေက တစ်နေ့တာမှာ အစာပြေခြောက်ခါစားသောက်တဲ့ သူတွေထက်ပိုပြီး အကျိုးရလဒ်ကောင်းထွက်ပေါ်စေနိုင်ပါတယ်လို့ ဒီရလဒ်တွေက ဆိုနေပါတယ်။ အစာစားသုံးမှု အကြိမ်ရေတွေနဲ့ပါတ်သတ်ပြီး အကြံပြုချက်တွေမထုတ်ပြန်ခင်မှာ တိုင်းတာမှုပိုကြီးမားတဲ့ ကာလရှည်ကြာလေ့လာမှုတွေ လုပ်ဖို့လိုအပ်နေပါတယ်’ လို့ပြောပါတယ်။

Ref:dailymail.co.uk
trend myanmar