တားမြစ်ထားသော်လည်း အမြန်လမ်းပေါ်တွင် ကုန်တင်ယာဉ်များ အတားအဆီးမရှိ ဖြတ်သန်းသွားလာနေ

ပို့စ်တင်ချိန် - 5/17/2014 10:56:00 PM


မေ ၁၅ ရက် နံနက် ၁၁ နာရီကျော်က အမြန်လမ်းမ ၁၁၅ မိုင် တိုးဂိတ်မရောက်မီ လမ်းမကြီးဘေးတွင် မော်တော်ယာဉ်တင်ကားကြီးများ ခေတ္တရပ်နားထားသည်ကို တွေ့ရစဉ်

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် “မည်သည့် ကုန်တင်ယာဉ်မျှ ဖြတ်သန်းသွားလာခွင့်မရှိကြောင်း” ထုတ်ပြန်ကြေညာထားသည်။ သို့သော် မေ ၁၅ ရက် နေ့လယ် ၁၁ နာရီ ၅၄ မိနစ်အချိန်တွင် ရန်ကုန်ဘက်သို့ အလာ ၁၁၅ မိုင် တိုးဂိတ်မရောက်မီ လမ်းမကြီးဘေးတွင် မော်တော်ယာဉ်တင်ကားကြီးများ ခေတ္တရပ်နားထားသည်ကို တွေ့ရှိရသည်။ မော်တော်ယာဉ်တင်ဆောင်သော ၁၆ ဘီး၊ ၂၂ ဘီး ကားကြီးစုစုပေါင်း ၇ စီးအထိစုပေါင်း၍ ဖြတ်သန်းသွားလာနေခြင်း ဖြစ်သည်။ Super Seven Stars(SSS) ကုမ္ပဏီက Showroom ဖွင့်လှစ်ရောင်းချလျက်ရှိသော KIA အမျိုးအစားကားများကို မော်တော်ကားတင်သည့် ၁၆ ဘီး၊ ၂၂ ဘီးကားကြီးများဖြင့် ရန်ကုန်-မန္တလေးအမြန်လမ်းမပေါ်တွင် စည်းကမ်းဖောက်ဖျက် သယ်ဆောင် ဖြတ်သန်းလျက်ရှိခြင်း ဖြစ်သည်။ မည်သည့်ကုန်တင်ယာဉ်မျှ ဖြတ်သန်းသွားလာခွင့်မပြုရဟူသော စည်းကမ်းချက်ကို ထုတ်ပြန်ထားသည့် သက်ဆိုင်ရာအာဏာပိုင်များ၏ စည်းကမ်းလိုက်နာမှုမှာလည်း အရေးပါလျှက်ရှိသည်။ အမြန်လမ်းပေါ်တွင် အခြားသော ကုန်ကားအချို့၊ မြေသယ်ယာဉ်အချို့မှာလည်း ခွင့်ပြုမိန့်ရထားသကဲ့သို့ ဖြတ်သန်းသွားလာလျက်ရှိကြောင်း သိရသည်။”

Eleven Media Group