ကွန်တိန်နာယာဉ်မှ လမ်းဖြတ်ကူးသူ အမည်မသိအမျိုးသားတစ်ဦးကို တိုက်မိသေဆုံး

ပို့စ်တင်ချိန် - 5/17/2014 07:59:00 PM


၁၆.၅.၂၀၁၄ရက်နေ့ ၀၉၀၀အချိန် သာကေတမြို့နယ်၊ ရှုခင်းသာ လမ်းအတိုင်း ၅ ကွေ့ဘက်မှ သန်လျင်တံတားဘက်သို့ ယာဉ်မောင်း မဲသီး(ခ)ထွန်းနိုင်ဦး (၂၄)နှစ်၊ (ဘ)ဦးညိုပြာ၊ ဗိုလ်တထောင် မြို့နယ်နေသူ မောင်းနှင်လာသော ၆ဂ/--- JING GONG အမျိုးအစားကွန်တိန်နာ အစိမ်းရောင် ယာဉ်သည် ရှုခင်းသာ လမ်းမပေါ်ရှိ (၁၃)ဂိတ်အနီးအရောက် လမ်းဖြတ်ကူးသူ အသက် (၃၀)နှစ်ခန့်ရှိ အမည်မသိ အမျိုးသားတစ်ဦးကို ၀င်ရောက်တိုက်မိ ခဲ့ပါသည်။ အဆိုပါယာဉ်တိုက်မှုကြောင့် ၎င်းအမျိုးသားတွင် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ၊ ယာတံတောင် ပွန်းစုတ်ဒဏ်ရာ၊ ယာပေါင်ပွန်း စုတ်ဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပါသည်။ ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း မဲသီး(ခ)ထွန်းနိုင်ဦး အား သာကေတနယ် မြေရဲစခန်း ယာဉ် (ပ)၁၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-ကဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိ ကြောင်းသတင်းရရှိပါသည်။

ရဲဇာနည်