ခရီးဆောင်အိတ်တွင် ၀ှက်ထားသော ဆယ်ကျော်သက်မိန်းကလေး အလောင်း တွေ့ရှိ

ပို့စ်တင်ချိန် - 5/17/2014 12:36:00 PM


လူပျောက်တိုင်ကြားထားသည့်အသက် ၁၅ နှစ်အရွယ်မိန်းကလေးသည် အသတ်ခံရမည်ဟု ရဲများ က ယုံကြည်ကာ လူသတ်သမားအဖြစ်သံသယရှိသူကို ရဲများက ထိန်းသိမ်းထားသည်။
အသက် ၂၃ နှစ်အရွယ်၊ သေဆုံးသူမိန်းကလေး၏အမျိုးသားမိတ် ဆွေက ရှအလမ်(Shah Alam)၊ ဂျလန်း ကီဘွန်(Jalan Kebun)အနီးတွင် မိန်းကလေးအလောင်းထည့် ထားသည့် ခရီးဆောင်အိတ်ကို ရဲများအား ခေါ်ပြခဲ့သည်။
သံသယရှိသူက သူ၏အိမ်တွင်မိန်းကလေးကိုသတ်သည်ဟု ၀န်ခံ၍ ၄င်းကို ပက်တလင်းဂျာရာ ရဲစခန်း ဌာနချုပ်သို့ ညနေ ၆ နာရီခွဲတွင် ရဲများက ခေါ်သွားသည်ဟု ဆီလန်ဂေါလက် ထောက်ရဲချုပ်က ပြောပြသည်။
‘ည ၈ နာရီခွဲလောက်မှာ လမ်းဘေးနားမှာစွန့်ပစ်ထားတဲ့ခရီး ဆောင်အိတ်ထဲက မိန်းကလေးအလောင်းကို သံသယရှိသူက ခေါ်ပြတယ်’ဟု အရာရှိက သတင်းစာ ရှင်းလင်းပွဲတွင် ပြောခဲ့သည်။
The Star News