ဒေါ်အောင်ဆန်းစုကြည် စတင်ဟောပြောပြီ

ပို့စ်တင်ချိန် - 5/17/2014 12:57:00 PM

ဓာတ်ပုံ - National League for Democracy

မဇ္ဈိမသတင်းဌာန

ရန်ကုန်၊ မဇ္ဈိမ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြုလုပ်သည့် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၄၃၆ ပြုပြင်ရေးနှင့် လူထုလက်မှတ်ရေးထိုး ဆန္ဒရယူပွဲကို မေလ ၁၇ရက် နံနက် က တာမွေမြို့နယ်ရှိ ဗိုလ်စိန်မှန် ကွင်းတွင် ပြုလုပ်နေရာ နံနက် ၉နာရီ ၁၁မိနစ်ခန့်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် စတင်ဟောပြောပြီဖြစ်သည်။

ဟောပြောပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းမြင့်၊ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ခေါင်းဆောင် ဦးမင်းကိုနိုင်နှင့်
ဒေါ်အောင်ဆန်းစုကြည်တို့က ဖွဲ့စည်းပုံအခြေခံဥဒေပုဒ်မ ၄၃၆ ပြင်ဆင်ရန် စည်းရုံးဟောပြောကြသည်။

ဟောပြောပွဲအပြီးတွင် ပုဒ်မ ၄၃၆ပြင်ဆင်ရေးအတွက် ပြည်သူလူထုထံမှ လက်မှတ်ရေးထိုး ဆန္ဒရယူမည်ဖြစ်သည်။ ဟောပြောပွဲသို့ အဖွဲ့အစည်းနှစ်ခုမှ အဖွဲ့ဝင်များနှင့် ပြည်သူလူထု ငါးသောင်းခန့်
တက်ရောက်လာသည်။

Mizzima Burmese