သမီးဖြစ်သူ မွေးကင်းစတည်းက ယခုအသက်၁၈နှစ်ပြည့်ချိန်အထိ တစ်ရက်မှမပျက်ကွက်ဘဲ ဓါတ်ပုံရိုက်ခဲ့သူ

ပို့စ်တင်ချိန် - 5/17/2014 12:57:00 PM





အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်ဒီစီ ကန့်မြို့ ဂျီလီဟန်မှာနေထိုင်တဲ့ ဖခင်တစ်ဦးရဲ့လုပ်ဆောင်ချက်ကတော့ ဆန်းကြယ်ပါတယ်။ ယခုနှစ် မေလ ၁၆ ရက်နေ့မှာ အသက် ၁၈ နှစ်ပြည့်ပြီ ဖြစ်တဲ့သူ့သမီးဖြစ်သူ ဆူမန်ဘန်ဆယ်လ် ရဲ့ ဟိုးမွေးကင်းစ သန္ဓေသားဓာတ်ပုံရိုက်ယူလို့ရ ကတည်းကစပြီးတော့ နေ့စဉ်နေ့တိုင်းဓာတ်ပုံ တစ်ပုံစီရိုက်ယူခဲ့ပါတယ်။

 ဒီလိုလုပ်ရတဲ့ သူ့ရဲ့ရည်ရွယ်ချက် ကလေးတွေမွေးကင်းစကနေ တစ်ရက်ပြီးတစ်ရက် တဖြည်းဖြည်းကြီးပြင်းလာကာ အရွယ်ရောက် လာတဲ့အချိန်အထိ ဘယ်လိုပြောင်းလဲလာ သလဲဆိုတာကို မှတ်တမ်းတင်ချင်လို့ပဲဖြစ်ပါတယ်။

 အသက် ၄၁ နှစ်အရွယ်ရှိ ဖခင်ဖြစ်သူ မြူးနစ်က သူ့ရဲ့ သမီးဖြစ်သူက ၁၉၉၆ ခုနှစ် မေလ ၁၆ ရက်နေ့မှာမွေးဖွားခဲ့ပြီး အခု မေလ ၁၆ ရက်နေ့ ဆိုရင်သူမ အသက် ၁၈ နှစ်ပြည့်ကာ ဓာတ်ပုံပေါင်း ၆,၅၇၅ ပုံတောင် ရှိနေပါပြီတဲ့.....


ဟိုးမွေးကင်းစ ကလေးဘ၀ကတည်း ကနေ လေးဖက်ထောက်အရွယ်၊ ထိုင်တတ်တဲ့အရွယ်၊ ထမင်းစစားတတ်တဲ့အရွယ်၊ လမ်းလျှောက်တတ်တဲ့အရွယ်၊ စပြီးကျောင်းနေတဲ့ အရွယ်၊ ကျောင်းနေပျော်တဲ့အရွယ်၊ မြှီးကောင်ပေါက်အရွယ်နဲ့ အပျိုဖော်ဝင်အရွယ် စတဲ့ နေ့စဉ်ရက်ဆက်အချိန်တွေမှာ သမီးဖြစ်သူရဲ့ အိုက်တင်အမျိုးမျိုးပေးတဲ့ ဓာတ်ပုံတွေကို နေ့စဉ်ရက်ဆက်ရိုက် ယူခဲ့တာပါ။

“ကျွန်တော့ သမီးလေးအတွက် ဓာတ်ပုံတွေကို တစ်နေ့မှ မပြတ်ခဲ့ဘဲ ရိုက်ခဲ့တာပါ။တစ် ခါတစ်လေအလုပ်ရှုပ်ပြီး မေ့သွားလို့ သမီးကလေး အိပ်ပျော်သွားရင်တောင် နှိုးပြီးတော့ ရိုက်ပါတယ်။ တကယ့်ကို သဘာဝကျကျဓာတ်ပုံတွေကို ရိုက်ယူနိုင်ခဲ့တာဆိုတော့ ပျော်ပါတယ်။ အခုတော့ သမီးလေးက အရွယ်ရောက်နေပြီလေ။ ကျွန်တော် ဆက်ပြီးတော့ သဘာဝဆန်တဲ့ ဓာတ်ပုံတွေကို ရိုက်ချင်ပါသေးတယ်။

ဒါကို သမီးကလေးကလည်း သဘောတူပါတယ်။ ဒါပေမဲ့သူက တက္ကသိုလ်တက်တော့မှာဆို တော့ အားချင်မှလည်း အားမှာပါလေ။ ဒီဓာတ်ပုံတွေကို ပြန်ကြည့်လိုက်ရင် သမီးလေးက သူ့ဘ၀အတွက် အားလုံးကအမှတ်တရ ပြန်ပြီးမှတ်မိမှာပါ” လို့ မြူးနစ်က ပြောပါတယ်။


Credit: ဖိုးသူတော်
ဖိုးသူတော် Team မှ ဘာသာပြန်သည်။