ဧရာဝတီမြစ်သည် အပြည်ပြည်ဆိုင်ရာ မြစ်တစ်စင်း ဖြစ်သည်ဟူသော ADB ၏ ရေးသား ဖော်ပြမှုကို မန္တလေး စိမ်းရောင်စို အဖွဲ့ ကန့်ကွက်

ပို့စ်တင်ချိန် - 5/17/2014 12:35:00 PM



ဧရာဝတီမြစ်သည် တရုတ်၊ အိန်္ဒိယနှင့် မြန်မာနိုင်ငံတို့ မျှဝေယူထားသော အပြည်ပြည်ဆိုင်ရာ မြစ်တစ်စင်း ဖြစ်သည်ဟု ကမ္ဘာ့ ဘဏ် (ADB) ၏ ရေးသား ဖော်ပြမှုကို မန္တလေး စိမ်းရောင်စို Activities အဖွဲ့ မှ ကန့်ကွက်ခဲ့သည်။

အဆိုပါ ကန့်ကွက်မှုကို မန္တလေးမြို့ Hill Resourse Hotel တံခါးဝတွင် စိမ်းရောင်စို အဖွဲ့ ဝင်များမှ မော်တော်ယာဉ်တွင် ဗီနိုင်းချိတ်ဆွဲ၍ လည်းကောင်း၊ မန္တလေးမြို့ Hill Resourse Hotel တွင် ပြုလုပ်သည့် ဧရာဝတီမြစ် ဖွံ့ဖြိုးရေး စီမံကိန်း ဆွေးနွေးပွဲတွင် မေးခွန်းများ မေးမြန်း၍ လည်း ကောင်း ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်။ ဧရာဝတီ မြစ်ကြောင်း ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း ဖော်ဆောင်တဲ့ နေရာမှာ မြစ်ကြောင်း နံဘေးမှာ နေထိုင်ကြ တဲ့ မြန်မာနိုင်ငံ ပြည်သူ လူထုရဲ့ အကျိုးစီးပွား ကိုလည်း ကြည့်စေချင်ပါတယ်။ ADB အနေနဲ့ ဒီလိုမျိုး ဖော်ပြမှ သာလျှင် ဖွံ့ ဖြိုးရေး လုပ်ငန်းစဉ်တွေ အတွက် ငွေကြေး ထုတ်ချေးမှု ပြုလုပ်မှာ ပါလား။ ပြီးတော့ ဧရာဝတီမြစ်ဟာ မြန်မာနိုင်ငံထဲမှာသာ စတင်ပြီးတော့ မြန်မာနိုင်ငံ အတွင်းမှာသာ စီးဆင်းတဲ့ မြန်မာနိုင်ငံပိုင် မြစ်တစ်စင်း ဖြစ်ပါတယ် ဟု မန္တလေးမြို့ စိမ်းရောင်စို အဖွဲ့ မှ ဦးမောင်မောင်ဦး က ပြောသည်။ အဆိုပါ ADB ၏ အစီရင် ခံစာတွင် ဧရာဝတီမြစ်၏ မြစ်ဖျားခံရာ ဒါယင်းနှင့် ဂျီးယန်း မြစ်နှစ်စင်းသည် တရုတ်နိုင်ငံမှ စီးဆင်း သကဲ့သို့ အိန်္ဒိယနိုင်ငံ မှ မြစ်ဖျားခံ လာသော မြစ်လက်တက် တစ်စင်းသည် ဂျီးယန်းမြစ် အတွင်း စီးဝင်သည် ဟု ဖော်ပြထားပြီး ဒါယင်း နှင့် ဂျီးယန်းမြစ် ဆိုသည်မှာ မေခနှင့် မေလိခ ကို ဆိုလိုသည်ကိုမူ ကွဲကွဲပြားပြား ဖော်ပြထားခြင်းကို မသိရ သေးကြောင်း မန္တလေး စိမ်းရောင်စို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ဒီလိုမျိုး အသုံးအနှုန်း အတွက် ပြည်သူ လူထု အပေါ် စိတ်မကောင်းဖြစ်စေခဲ့တယ် ဆိုရင် ကျွန်မ အနေနဲ့ တောင်းပန်ပါတယ်။ ဒီလိုအသုံးအနှုန်း ကို Website ပေါ်မှာ ပြန်လည် ပြင်ဆင်ပြီးသွားပါပြီ။ ကမ္ဘာ့ ဘဏ်ရဲ့ ပေါ်လစီအရ ရေဝေရေလဲ ဆက်စပ်မှုတွေ အရ ဒီဟာကို ရှိတယ်လို့ ယူဆရပါတယ်။ Website ကိုလည်း ပြန်လည် လေ့လာနိုင်ပါတယ်။ ဒီကိုမလာခင် ကတည်းက ဧရာဝတီမြစ် နဲ့ ပတ်သက်လို့ ဒီကပညာရှင်တွေမှာ စိုးရိမ်မှုတွေ ရှိနေတယ် ဆိုတာ သိခဲ့ရပြီးပါပြီ။ အပြည်ပြည်ဆိုင် ရာဆိုတဲ့ စကားလုံးကို ပြန်လည်ပြောင်းလဲ ပြင်ဆင်ပြီးပါပြီဟု ADB မြစ်ဝှမ်းဘက်စုံပေါင်းစည်း စီမံခန့်ခွဲမှု အဆိုပြု စီမံကိန်းမှ တာဝန်ခံတစ်ဦးက ပြောသည်။ ဧရာဝတီမြစ်ကို အပြည်ပြည်ဆိုင်ရာ မြစ်အဖြစ် သတ်မှတ်ခံ ရပါက မြစ်ကြောင်း နှင့် ပတ်သက်သည့် ရေမြေ သယံဇာတ တစ်စုံတစ်ရာ စီမံခန့်ခွဲမှုများကို သက်ဆိုင်ရာ နိုင်ငံများ အကြား ဆွေးနွေး ညှိုနိုင်းမှုများ လိုအပ်လာမည်ဟု အဓိပ္ပာယ် သက်ရောက် နေသဖြင့် စိုးရိမ်ဖွယ် ဖြစ်လာသည့် အတွက် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း စိမ်းရောင်စို အဖွဲ့ မှ ထုတ်ပြန်ထားသည်။

ဧရာဝတီမြစ်သည် မေလိခမြစ် (အလျား ၃၇၅ ကီလိုမီတာ) နှင့် မေခမြစ် (အလျား ၃၄၉ ကီလိုမီတာ) တို့ ပေါင်းဆုံရာ မှ မြစ်အဖြစ် စီဆင်းလာခဲ့ ခြင်း ဖြစ်ပြီး၊ အဆိုပါ မြစ်နှစ်စင်း၏ ချောင်းလက်တက် နှစ်ခု ဖြစ်သည့် နမ့်တမိုင် နှင့် တရုံချောင်းများသည် ခါကာဘိုရာဇီ တောင်ထိပ်ဖျားတွင် မြစ်ဖျားခံ ကြသည်ဟု စိမ်းရောင်စို အဖွဲ့ ၏ စစ်တမ်းတွင် ဖော်ပြထားသည်။

Messenger News Journal