တစ်သက်စာ ချစ်ကြတဲ့ မျောက်ကလေး တီတီများ

ပို့စ်တင်ချိန် - 5/17/2014 07:16:00 PM




တောင်အမေရိကတိုက်က ဘရာဇီး၊ ပါရာဂွေး၊ ပီရူး၊ ကိုလီဘီယာ တို့အမှာ အများအားဖြင့် မြင်တွေ့ရတဲ့ မျောက် တစ်မျိုး ဖြစ်ပြီး သူ့ကို တီတီ (Ti Ti) လို့ပဲ ခေါ်ပါတယ်။ ခန္ဓာကိုယ် တစ်ပေခွဲ အထိ ရှင်သန်ကြီးထွားပြီး အမြီးက ၂ ပေ နီးပါး ရှည်ပါတယ်။


ပျမ်းမျှ အသက်တမ်း အားဖြင့် ၁၂ နှစ် အသက်ရှင်တဲ့ မျောက်ငယ် လေး များ ဖြစ်ပါတယ်။ သူ့မှာ ထူးခြားချက် ရှိပါတယ်။ ယင်းကတော့ တစ်ဦး ပေါ် တစ်ဦး သစ္စာ ရှိရှိ ပေါင်းဖက်ခြင်း ဖြစ်ပါတယ်။ အထီးနဲ့ အမ ချစ်ကြိုက်သွားပြီးရင် အခြား ဘယ် အကောင်ကိုမှ မကြိုက်တော့ ပါဘူး။ ပြီးတော့ နေ့ရောညပါ တစ်တွဲတွဲ နေထိုင် အသက်ရှင်လေ့ ရှိပါတယ်။ ပုံမှာ မြင်တွေ့ ရသလိုပဲ အမြီးချင်း ချိတ်လို့ အပင်ပေါ်မှာ နေတတ်ကြလေ့ ရှိပါတယ်။

အမြီးချိတ်ပြီး အတူနေထိုင်တဲ့ တီတီ မျောက်များရဲ့ ချစ်စရာ အလေ့အထဟာ ချစ်စဖွယ် အမှတ်အသား တစ်ခု ဖြစ်လာ ပါတယ်။
.
Ref:wiki
အောင်ခမ်း (www.innewsmyanmar.com)