ကာချုပ် တပ်မှထွက်၍ နိုင်ငံရေးလောကသို့ ဝင်မည်ဟူသော ကောလာဟလကို တပ်မတော်သားကိုယ်စားလှယ်တုံ့ပြန်

ပို့စ်တင်ချိန် - 6/07/2014 10:53:00 AM



ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (ဓာတ်ပုံ - Senior General Min Aung Hlaing Facebook)
 သတင်းမီဒီယာ အချို့တွင် ဖော်ပြနေသော တပ် မတော်ကာကွယ်ရေးဦးစီးချုပ် သည် ရာထူးမှနုတ်ထွက်ပြီး နိုင်ငံရေးလောကအတွင်းသို့ ဝင်ရောက်လာမည်ဟူသော သတင်းသည် အခြေအမြစ်မရှိ မှားယွင်းသော သတင်းတစ်ခုသာဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်တပ်မတော်သားကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။
‘‘တပ်မတော်ခေါင်းဆောင် ပိုင်းတွေ ရာထူးအပြောင်းအလဲ လုပ်ပြီး နိုင်ငံရေးလောကထဲဝင် မယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ လက်ရှိတာဝန်တွေကိုပဲ ထမ်း ဆောင်ဆဲပါ။ ကာကွယ်ရေးဦးစီး ချုပ်က အသက် (၆၀)မပြည့်သေး ပါဘူး’’ဟု အဆိုပါတပ်မတော် သား ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

ပြည်ပအခြေစိုက်သတင်း ဝက်ဘ်ဆိုက်တစ်ခုတွင် ကာကွယ် ရေးဦးစီးချုပ်ရာထူးအပါအဝင် တပ်မတော်ထိပ်ပိုင်းခေါင်း ဆောင်ရာထူးအချို့ မကြာမီ အပြောင်းအလဲပြုလုပ်ဖွယ်ရှိပြီး နိုင်ငံရေးလောကသို့ ကူးပြောင်းလာဖွယ်ရှိကြောင်းရေးသားဖော်ပြခဲ့မှုအပေါ် အထက်ပါအတိုင်း ဖြေရှင်းပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘ဒီသတင်းက မဖြစ်နိုင်ဘူးဗျ။အသက်မပြည့်သေးဘဲ ပင်စင် သွားမှာမဟုတ်ဘူးလေ။ ကာ ကွယ်ရေးဦးစီးချုပ်ရာထူးက အနားယူခဲ့ရင်တောင် နိုင်ငံရေး လောကထဲဝင်မယ်လို့မထင်ဘူး ဗျ။ ဘာကြောင့်လဲဆိုတော့ သူက တပ်ကို ပရော်ဖက်ရှင်နယ်ဘက် ပြောင်းနေတော့ ဒီဘက်ကူးမယ် လို့မထင်ဘူး’’ဟု တပ်မတော်၌ ဒုတိယဗိုလ်မှူးကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ဦးလှ ဆွေက ပြောသည်။

လက်ရှိအနေအထားအရ အနားယူပြီး နိုင်ငံရေးလောက ဘက်ကူးမည်ဆိုလျှင်လည်း ရွေး ကောက်ပွဲကျင်းပရန် အချိန်စော သေးခြင်း၊ အစိုးရအဖွဲ့အတွင်း လစ်လပ်နေရာမရှိခြင်းအစရှိသည့် ကိစ္စရပ်များကြောင့် ဖြစ်နိုင်ခြေမရှိကြောင်း ၎င်းက ပြောသည်။

‘‘ကျွန်တော်မြင်တာက ကိုမင်းအောင်လှိုင်အနေနဲ့ ပရော် ဖက်ရှင်နယ်ဘက်ကို သွားလိမ့် မယ်လို့ထင်တယ်လေ။ အမည် စာရင်းပေးပြီး ဒုသမ္မတလိုင်းတွေ၊ ဘာတွေထဲဝင်လာမယ်လို့ ကျွန် တော်မထင်ဘူး’’ဟု ဦးလှဆွေက ပြောသည်။

ထို့အပြင် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်အနေဖြင့် နာမည်ပျက်မရှိခြင်း၊ ရိုးသားအေး ဆေးခြင်း၊ တည်ငြိမ်စွာဆုံးဖြတ် ချက်ချတတ်ခြင်း စသည့်အချက် များကြောင့် တပ်အတွင်း လူချစ် လူခင်များသူ တစ်ဦးလည်းဖြစ် ကြောင်း တပ်မတော်အရာရှိ  ဟောင်းတစ်ဦးဖြစ်သူ ဦးလှဆွေ ကပင် ပြောသည်။

မင်းဟိန်းကျော်
7day daily