ယနေ့ညနေ ၅ နာရီတွင် တင်ဒါအောင်သော ဆက်သွယ်ရေး အော်ပရေတာအား ကြေငြာမည်

ပို့စ်တင်ချိန် - 6/27/2013 02:42:00 PM

ဆက်သွယ်ရေး အော်ပရေတာ ရွေးချယ်မှုနဲ့ ပတ်သက်ပြီး ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက ယနေ့ ညနေ ငါးနာရီမှာ တင်ဒါအောင်မြင်တဲ့ ကုမ္ပဏီ နှစ်ခုကို ထုတ်ပြန် ကြေညာပေးမှာ ဖြစ်ပါတယ်။

www.mcit.gov.mm မှာ ကြည့်ရှုနိုင်ပါတယ်။

ဦးရဲထွဋ် ( ပြန်ကြားရေး ဒု-၀န်ကြီး )

Credit : U Ye Htut (facebook)

======================================================

ယမန်နေ့ ကပြည်သူ့လွှတ်တော်မှာအရေးကြီးအဆိုတင်သွင်းဆိုင်းငံ့စေခဲ့တဲ့ အတွက်ယနေ့ (ဇွန်၂၇ရက်နေ့ )ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ ဆက်သွယ်ရေးဝန်ကြီးဦးမြတ်ဟိန်း လာရောက်ရှင်းပြခဲ့ရာမှာအစိုးရအနေဖြင့် ဆက်သွယ်ရေးအော်ပရေတာ ရွေးချယ်မှုကိုဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သော်လည်း တင်ဒါအောင်မြင်သော ကုမ္ပဏီများအနေဖြင့် ချက်ချင်း လက်ငင်း လုပ်ငန်းအကောင်အထည်ဖော်နိုင်ဦးမည်မဟုတ်ကြောင်းနှင့် အော်ပရေတာ ရွေးချယ်ရာတွင်လည်း လုပ်ထုံးလုပ်နည်းများဖြင့် အညီ ရွေးချယ် ခွင့်ပြု သွားမည်ဖြစ်ကြောင်းပါရှိသည်
ဟုသိရပြီးယင်းဆက်သွယ်ရေးအော်ပရေတာ ရွေးချယ်မှုနဲ့ ပတ်သက်၍“ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက ယနေ့ ညနေ ငါးနာရီမှာ တင်ဒါအောင်မြင်တဲ့ ကုမ္ပဏီ နှစ်ခုကိုထုတ်ပြန်

ကြေညာပေးမှာဖြစ်ကြောင်းနှင့် www.mcit.gov.mm မှာ ကြည့်ရှုနိုင်ကြောင်း”ကိုတော့ပြန်ကြားရေးဝန်ကြီးဋ္ဌာနဒုတိယ၀န်ကြီးက၄င်း၏ဖေ့ဘုတ်ကနေအသိပေးပါသည်။

ဆက်သွယ်ရေးအော်ပရေတာလုပ်ငန်း တင်ဒါခေါ်ယူရေးကော်မတီ ဥက္ကဌ ဦးဆက်အောင်က ပြည်တွင်းကုမ္ပဏီများကို ဦးစားပေးသင့်သည်ဟု ပြောဆိုခြင်းကို လုံးဝထောက်ခံသော်လည်း ဦးစားပေးသည့် ပုံစံမမှားရန် လိုအပ်လိမ့်မယ်ဟု ပြောသည်။ “ ပြည်ပ ကုမ္ပဏီတွေက ပြည်တွင်းကုမ္ပဏီတွေကို လုံးဝ ထောက်ပံ့ပေးနိုင်မယ့်ပုံစံမျိုး စဉ်းစားသင့်တယ်လေ၊ အဲလိုမဟုတ်ရင်တော့ ပြည်တွင်းကုမ္ပဏီတွေလည်း အရည်အချင်း တက်မှာမဟုတ်သလို နိုင်ငံလည်း သိက္ခာကျနိုင်တယ်”ဟု ဧရာဝတီသို့  ပြောဆိုကြောင်းလည်းThe Irrawaddy (Burmese Version)မှသိရသည်။