ကသာမြို့နယ်အပိုင် ရဲစခန်းတစ်ခု၏ အချုပ်ခန်းအတွင်း အချုပ်သားတစ်ဦး ကြိုးဆွဲချသေဆုံး..

ပို့စ်တင်ချိန် - 6/27/2013 12:36:00 PM


၂၇၊၆၊၂၀၁၃ရက်နေ့ မနက်(၇)နာရီအချိန် ကသာမြို့နယ်အပိုင် အင်းရွာရဲစခန်းရှိ အချုပ်ခန်းအတွင်း ယာယီချုပ်နှောင်ထားသောအချုပ်သားတရားခံတစ်ဦး မိမိကိုယ် မိမိ ကြိုးဆွဲချ သေဆုံးသွားခဲ့ကြောင်း သိရပါသည်၊
အချုပ်ခန်း ထုပ်တန်းပေါ် ပုဆိုးကို ကွင်းလျောပြုလုပ်၍ သတ်သေသွားခဲ့သော တရားခံ၏ အမည်မှာ နိုင်ထွန်း(ဘ)ဦးမောင်လှဖြစ်ပြီး အသက်မှာ (၃၃)နှစ်အရွယ်ဖြစ်ပါသည်၊ နိုင်ထွန်းသည် ၂၆၊၆၊၁၃ရက်နေ့ညအချိန်တွင်
မူးယစ်ရမ်းကားနေပြီး ကျေးရွာအတွင်း နေအိမ်များကို မီးရှို့မည်ဟုခြိမ်းခြောက်နေသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ တိုင်ကြားခဲ့ပြီး အင်းရွာရဲစခန်းမှ ညနေ၆နာရီ(၃၀)မိနစ်တွင် ကျင့်(၁၅၁)ဖြင့် ဖမ်းဆီးချုပ်နှောင်ထားခဲ့ပါသည်၊
အင်းရွာရဲစခန်းသည် ကသာမြို့နှင့် ရေမိုင်(၂၂)မိုင်အကွာတွင် တည်ရှိသော (ဃ)အဆင့်ရှိ ရဲစခန်းတစ်ခုလည်း ဖြစ်ပါသည်၊

(ဟာဂျူလီ-ကသာ)