ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ

ပို့စ်တင်ချိန် - 6/27/2013 10:02:00 PM


၂ဝ၁၃ ခုနှစ် အိုလံပစ်နေ့ အထိမ်းအမှတ် Mr. Crusher , Ms. Quench ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲကို ဇွန်လ ၂၇ ရက်နေ့ ၊ နေ့လယ် ၁၂ နာရီက ရန်ကုန်မြို့ ၊ မြန်မာကွန်ဗင်းရှင်းစင်တာတွင် ကျင်းပပြုလုပ်ခဲ့သည်။ ပြိုင်ပွဲတွင် ကာယဗလမောင် အလွတ်တန်း ပထမ သန်းနိုင်၊ ၂၁ နှစ် နှင့် အောက် ပထမ လှဌေး၊ ၅ဝ နှစ် နှင့် အထက် ပထမ ဦးပြား၊ အမျိုးသမီး ၅ ပေ ၃ လက်မ အထက် ပထမ - ခိုင်ဝေလွင်၊ ၅ ပေ ၃ လက်မအောက် ပထမ နန်းထက်ထက်လင်း နှင့် ကာယကြံ့ခိုင်မှု တံခွန်စိုက်ဆုကို နန်းထက်ထက်လင်းတို့ အသီးသီး ဆွတ်ခူးရရှိခဲ့ကြသည်။
(ပုံများကို ကလစ်နှိပ်ပါက ပုံအကြီး မြင်ရပါမည်)








သတင်း၊ ဓာတ်ပုံ-သီဟ