ရောဂါရှိသူများ ပဋ္ဋိသန္ဓေ တားဆေး မစားသင့်ပါ

ပို့စ်တင်ချိန် - 6/26/2013 09:35:00 AM


အောက်တွင် ဖော်ပြရေးသားမည့် ရောဂါရှိသူများ တွင် ပဋ္ဋိသန္ဓေ တားဆေး သုံးစွဲရန် မသင့်
(၁) သွေးပြန်ကြောပိတ် ရောဂါ ၊ ဦးနှောက် သွေးကြောကျဉ်းရောဂါ ၊ နှလုံးသွေးကြောကျဉ်းရောဂါ
(၂) သားမြတ်ကင်ဆာရောဂါရှိသူ
(၃) ဟိုမုန်း ( Esirogen ) မတည့်သော အကျိတ်ကင်ဆာ ရောဂါ
(၄) အကြောင်းမဲ့ မကြာခဏသွေးဆင်းရောဂါ
(၅) ကိုယ်ဝန်ရှိသည်ဟု သံသယဖြစ်နေသူ
(၆) အသည်းရောဂါ အမျိုးမျိုး ရှိသူ ဖြစ်နေသူ
များသည် ပဋ္ဋိသန္ဓေတားဆေး ကို သုံးစွဲရန် မသင့်ကြောင်းသတိပြုစေချင်ပါသည် ။

ဆေးအန္တရာယ် အကြောင်း ……………..

(၁) ပဋ္ဋိသန္ဓေတားဆေးကြောင့် သွေးပြန်ကြောပိတ်ခြင်း သွေးပြန်ကြောအတွင်း သွေးခဲခြင်းတို့ ဖြစ်တတ်သည် ။ဆေးသုံးစွဲသူများတွင် ဤကဲ့သို့ ဖြစ်ရန် ၂ ဆမှ ၁၁ ဆအထိ အန္တရာယ်ပိုမိုကြောင်းသိရသည် ။

ဦးနှောက်တွင်း သွေးကြောကျဉ်းခြင်း ၊ ပိတ်ခြင်းမှာ သုံးစွဲသူများတွင် ၂ ဆ ပိုမိုဖြစ်တတ်သည် ။ နှလုံးသွေးကြောကျဉ်းရောဂါနှင့် နှလုံးသွေးကြောပိတ်ရောဂါများလည်းဆေးသုံးစွဲသူများတွင် ပိုမိုဖြစ်တတ်သည်။

အထူးသဖြင့် အသက် (၃၅ )နှစ်ကျော်ပြီးဆေးလိပ်သောက်သူ၊သွေးတိုးရှိသူ ၊ ဝလွန်းသူနှင့် ဆီးချိုရောဂါရှိသူများတွင် ပိုမိုအန္တရာယ်များပါသည်။
တားဆေးကို အသက် ၃၅ နှစ်အထက် အမျိုးသမီးများတွင် ဆေးကို ၅ နှစ်ဆက်တိုက်စားလာပါက သွေးကြောကျဉ်းရောဂါများကြောင့် သေဆုံးမှုမှာ ၁၀ ဆ ကျော်များပြားလာကြောင့်တွေ့ ရပေသည်။

(၂) မျက်စိအတွင်းခံအာရုံကြောကို ရောင်စေသည်။ဆေးသောက်နေစဉ် မျက်စိမှုန်လာခြင်း ၊ မျက်ခွံကျခြင်းတို့ ဖြစ်ပေါ်လာပါက ဆေးကိုရပ်ပြီး မျက်စိစမ်းသပ်ရန် လိုအပ်သည် ။

(၃) ပဋ္ဋိသန္ဓေတားဆေး ကိုကြာရှည်စွာသောက်သုံးပါက ရင်သား ၊ သားအိမ် ၊ သားဥအိမ် နှင့် သားအိမ်ခေါင်း ကင်ဆာ ဖြစ်ရန်အလားအလာရှိပါသည် ။

(၄) ပဋ္ဋိသန္ဓေတားဆေးကြောင့် အသည်း ၊ အကျိတ်လုံးပေါက်ခြင်း ၊ အသည်းရောင်ခြင်း ၊ အသည်းမာခြင်း နှင့် အသည်း ကင်ဆာဖြစ်ခြင်းတိုကို့ တွေ့ ရသည် ။

(၅) သည်းခြေအိတ် ရောင်ခြင်းနှင့် သည်းခြေအိတ်ရောဂါ အမျိုးမျိုး တို့ ဖြစ်တတ်ကြောင့်တွေ့ ရသည် ။

(၆) ဆေးသုံးစွဲသူများတွင် သွေးတိုး ရောဂါဖြစ်နူန်းများပြားလာကြောင်းသိရသည် ။ ပဋ္ဋိသန္ဓေတားဆေးကို ၅ နှစ်ဆက်တိုက်သုံးစွဲပါကသွေးတိုးဖြစ်နှုန်းမှာ ၃ – ဆ ပိုမိုများပြားသောကြောင်း သိရသည် ။

(၇) သွေးဆင်းများခြင်း ၊အနည်းငယ်ဆက်တိုက်ဆင်းခြင်း ၊ ရာသီသွေး မလာခြင်းစသော ရာသီသွေးမမှန်သည့်ရောဂါ လက္ခဏများပေါ်ပေါက်တတ်သည်။

(၈) ကိုယ်လက်ရောင်ခြင်း ၊ ဖောခြင်း ၊ ဆေးဖြတ်လိုက်သော်လည်း မြုံသွားခြင်း ၊ ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်း ၊ သားမြတ်ရောင်ခြင်း ၊ ကိုယ်အလေးချိန်တက်ခြင်း ၊ ကိုယ့်အလေးချိန် ကျခြင်း ၊ ခေါင်းကိုက်ခြင်း ၊ အရေပြားယားနာများ ပေါက်ခြင်း ၊စိတ်ညစ်ခြင်း ၊ စိတ်လှုပ်ရှားလွယ်ခြင်း ၊ မျက်စိတိမ်ကွယ်ခြင်း ၊ ဖိုမ စိတ်ဆန္ဒ အပြောင်းအလဲရှိခြင်း ၊ အစားအသောက်ပျက်ခြင်း ၊ ခြေလက်ထုံကျဉ်ခြင်း ၊ ခေါင်းမုးခြင်း ၊ နှာမွှန်ခြင်း ၊ မောပန်းလွယ်ခြင်း ၊ ခါးကိုက်ခြင်း ၊ နှုတ်ခမ်းမွှေးများပေါက်ခြင်း ၊ ဆံပင်ကျွတ်ခြင်း ၊ ယားယံခြင်း ၊ အရေပြားအောက် သွေးယိုခြင်း ၊ သွေးအားနည်းခြင်း ၊ ဝမ်းကိုက်ခြင်း ၊ သွားဖုံးရောင်ခြင်း နှင့် အဆစ်အမြစ်ရောင်ခြင်း တို့ ဖြစ်ပေါ်နိုင်ပါသည်