ယနေ့ခေတ် မိန်းကလေးများ ပန်းပွင့်ချိန် စောလာပြီ

ပို့စ်တင်ချိန် - 6/26/2013 09:39:00 AM


ယခင် ကာလများထက် စာလျှင် ယနေ့ခေတ် မိန်းကလေးများသည် အသက် (၇)နှစ်၊ (၈)နှစ်အရွယ်တွင်ပင် ရင်သား များထွက်ပေါ်လာပြီး အပျိုဖော်ဝင်စ အရွယ်သို့ စော၍ရောက်ရှိ တတ်ကြောင်း နောက်ဆုံးပေါ် လေ့လာ စမ်းသပ်မှု တစ်ခု အရ သိရသည်။

မိန်းကလေးများ အသက်ငယ်ငယ် ရွယ်ရွယ်ဖြင့် အပျိုဖော်ဝင်လာပြီလား၊ အဘယ်ကြောင့် ဤကဲ့သို့ဖြစ်ရသနည်း။ စသည့် ဆွေးနွေးငြင်းခုံမှုများအကြား တွင် ယခုစမ်းသပ်မှု ပေါ်ပေါက်လာခဲ့
ခြင်းဖြစ်သည်။

ခန္ဓာကိုယ်အတွင်းရှိ အဆီဓာတ် သည် လိင်ပိုင်းဆိုင်ရာ ဟော်မုန်းများကို ထုတ်လုပ်ပေးတတ်ရာ ကိုယ်ခန္ဓာ ၀ဖြိုးမှု လွန်ကဲခြင်း သည်လည်း လှုံ့ဆော်မှု တစ်ရပ်ဖြစ်တတ်ပြီး အခြားပတ်ဝန်းကျင် ရှိဓာတုပစ္စည်း များကလည်း အမျိုးသ မီးဓမ္မတာနှင့်ပတ်သက်သော Oestrogen ဟော်မုန်း ကို ထုတ်လုပ်ပေးတတ် ၍ ငယ်ငယ်နှင့် အပျိုဖော်ဝင်တတ်သည် ဟု
သံသယရှိကြသော်လည်း သုတေ သီများအနေဖြင့် ထိုအချက်ကို လက်
တွေ့သက်သေမပြနိုင်ကြပေ။ ငယ်ငယ် နှင့် အပျိုဖော်ဝင်ခြင်းကိစ္စသည် ဆေး ပညာရော လူမှုစိတ်ပညာပိုင်းနှင့်ပါ စိုး ရိမ်ပူပန်စရာဖြစ်နေသည်။

ပထမဆုံးအကြိမ် ဓမ္မတာလာ သည်နှင့် အပျိုဖော်ဝင်ခြင်းကို နှိုင်းယှဉ် မှုပြုတတ်ကြရာတွင် စောစီးစွာအရွယ် ရောက်ခြင်းသည် ကိုယ်ခန္ဓာအတွက် ကျူမာများကို ဖြစ်စေသည့် Oestrogen နှင့် Progesterone တို့ ကြာရှည်စွာ အကာအကွယ်မဲ့သည့် သဘောမှ ကင်ဆာရောဂါဖြစ်တတ်သည့် အခြေအနေ သို့ ရောက်သွားတတ်ကြောင်း သုတေ သနစာတမ်းတွင်
ဖော်ပြထားသည်။

သော်တာမောင်