မလေးရှားကပြန်လာတာ Pass post အတုကိုင်လာတယ်လို့ စွပ်စွဲခံရတဲ့မြန်မာတစ်ဦး မင်္ဂလာဒုံလေယာဉ်ကွင်းမှာ ဖမ်းခံရ

ပို့စ်တင်ချိန် - 6/24/2013 10:58:00 AM


ယခုလပိုင်းအတွင်း မလေးရှားတွင် မြန်မာတွေသတ်ခံခဲ့ရ ကာ အော်ပရာစီနေသောကြောင့် ကိုယ့် နိုင်ငံ ကိုယ်ပြန်လာကြပါက ပတ်စ်ပို့ မပါလည်း အရေးမယူဘူးဆိုပြီး ဇွန်လ ၂၂ ရက်တွင် ပတ်စ်ပို့ အတုကိုင် လာတယ်လို့ စွပ်စွဲခံရသည့် မြန်မာတစ်ဦးကို ဖမ်းဆီးကာ သေချာပေါက် ထောင်ချပစ်မည်ဟု ပြောကြသည်။

ဖမ်းထားတဲ့ သူ့ကို ပြစ်မှုဆိုင်ရာပုဒ်မ 420 ၊ 468 ၊ 471 & NATIONAL ACT(LA WA KA) 13(1)/ 13 (7)(A)(D) အရဖမ်းတာလို့ မင်္ဂလာဒုံက B.S.I (စစစ)က အရာရှိကြီးကပြောပါတယ်။

“သူ့ကို စံပြအနေနဲ့ဖမ်းတာလေ။ ပတ်စ်ပို့အတုကြီးနဲ့ ပြန်လာတာကို သိသိကြီးနဲ့ လွှတ်ပေးရမှာလား။ ဒီလို အချိန်မှာ လွှတ်ပေးရမယ်ဆိုတာ သဘာဝမှ မကျတာ။ ကျွန်တော့်မှာ ပတ်စ်ပို့မရှိလို့ ပြန်လာပါတယ်ဆို ရိုးရိုး သားသားပြန်လာကြလေ။ ဒီအတိုင်း ပြန်လာတယ် ဘာစာအုပ်မှ မပါရင် မဖမ်းပါဘူး။ ဖမ်းထားတဲ့သူကို တရားစွဲပြီး ထောင်ချရမယ်။”ဟူ၍ သူကပြောပါတယ်။

ဇွန်လ၂၂ ရက်နေ့မှာ MAI No.8M- 502 နှင့် မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံ မင်္ဂလာဒုံလေဆိပ်သို့ ပြန်လာသည့် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ပြလို့မြစ်ရွာက လယ်သမား အသက် ၃၃ နှစ်ရှိ ကိုဝင်းထွဋ်ကို လေဆိပ်စစ်ဆေးရေး ကောင်တာမှာ စစ်ဆေးခဲ့ကြပါတယ်။

ယင်းနေ့တွင် မြန်မာ၆၈ ယောက် ပြန်လာကြရာတွင် နိုင်ငံကူးလက်မှတ်အတုကိုင်ကာ တရားမ၀င် ၀င်ရောက်လာတာ ကြောင့် ဖမ်းဆီးခဲ့တယ်လို့ S.B နှစ်ပွင်ကပြောပါတယ်။

မလေးရှားနိုင်ငံက ပြန်ရောက်လာသူတွေမှာ pass post အစစ်ဆိုပေမယ့် အခွန်ဆောင်တဲ့တုံးက အတုဆိုရင် တောင် မဖမ်းပါဘူးလို့ လ.၀.က မှအရာရှိကပြောပါတယ်။ ဒါပေမယ့်လည်း pass postလည်းအတု တုံးကလည်း အတုမို့ ဖမ်းရတာလို့ လူဝင်မူကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဥိးစီးဌာန၊ အမျိုးသားမှတ်ပုံတင်ဌာနက အရာရှိ တစ်ဦး ကပြောပါတယ်။

(သတင်း- အင်တာနတ်သတင်းစဉ်)