အီဂျစ်တွင် စစ်တပ်အာဏာသိမ်းမှု စတင်

ပို့စ်တင်ချိန် - 7/04/2013 02:20:00 PM


အီဂျစ်တွင် စစ်တပ်မှ အာဏာသိမ်းယူမှုအား မကြာမီ တရားဝင် ထုတ်ပြန်ကြေညာမည်ဖြစ်ပြီး လတ်တလောတွင် စစ်တပ်က လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်နေကြောင်း အီဂျစ်အတိုက်အခံအုပ်စု ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားသည်။

တင့်ကားများနှင့် စစ်သားအများအပြားမှာ ကိုင်ရိုမြို့တွင်းရှိ အရေးပါသည့် နေရာများသို့ ဝင်ရောက်နေရာယူနေပြီဟု ဆိုသည်။ အီဂျစ်သမ္မတမော်စီအား နိုင်ငံတွင်းမှ ထွက်ခွာမသွားနိုင်ရန် ခရီးသွာလာခွင့်ကို အစောပိုင်းက ပိတ်ပင်ထားပြီးဖြစ်သည်။

ကိုင်ရိုလမ်းမများပေါ်တွင် မော်စီအား ဆန့်ကျင်သူ ထောင်ပေါင်းများစွာ စုရုံးလျက်ရှိနေကြပြီး မော်စီဆန့်ကျင်သူများနှင့် ထောက်ခံသူများကြား ထိပ်တိုက်တွေ့ အဓိကရုဏ်းများလည်း ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။