သံသေတ္တာအတွင်းမှ ငွေခိုးသူ ၂ဦးအား နာရီပိုင်းအတွင်း ဖမ်းဆီးရမိ

ပို့စ်တင်ချိန် - 8/28/2013 09:15:00 AM


သြဂုတ်လ ၂၁ ရက်နေ့ မွန်းလွဲ ၃ နာရီက တနိုင်းမြို့နယ် တုံမဏီ ရွှေမှော် အတွင်း ကြက်လိုင်စင် လုပ်ငန်း လုပ်ကိုင်သူ ဦးနော်အွမ် မှ ၄င်း ဈေးဝယ် သွားစဉ် သံသေတ္တာ အတွင်းမှ ငွေကျပ် သိန်း ၂၀ ကျော် ပျောက်ဆုံး နေကြောင်း တနိုင်းမြို့နယ် ရဲတပ်ဖွဲ့ စခန်းသို့ တိုင်ကြားရာ မြို့နယ် ရဲတပ်ဖွဲ့မှ ခိုးယူနိုင်သူ အား တွက်ချက်ကာ မြို့ဝင်လမ်း အထွက်လမ်း များ၌ သက်သေများ နှင့် စောင့်ဆိုင်း နေစဉ် ည ၈ နာရှိ ၂၅ မိနစ်တွင် တနိုင်းမြို့ တံတားထိပ် မှ ၀င်ရောက် လာသူ ၂ဦးအား စစ်ဆေးရာ ဦးနော်အွမ် ထံတွင် အလုပ်လုပ် ကိုင်သူ အဂျုံး (ခ) ဆလန်ဂိန်ဂျုံးရမ် နှင့် ခေါန်ဘောမ် တို့ ၂ ဦးကို ခိုးယူ သွားသော ငွေကျပ် ၂၃၁၉၅၀၀ နှင့်အတူ ဖမ်းဆီး ရမိ ခဲ့ကြောင်း သိရှိရသည်။

မြ၀တီ