မြန်မာမိန်းကလေးနဲ့ တက်တူး မလိုက်ဖက်ဘူးလို့ ဆိုတဲ့ တင်မိုးလွင်

ပို့စ်တင်ချိန် - 8/28/2013 09:25:00 AM


တက်တူး ထိုးတာဟာ တစ်ဦး တစ်ယောက်ချင်း စီရဲ့စိတ်ခံစားချက် ဖြစ်တာကြောင့် ကောင်းသည်၊ ဆိုး သည်ကို မမိုးမပြော လိုပါဘူး။ မမိုး တို့အလုပ်နဲ့ပ တ်သက်ပြီး ပြောရရင် မမိုးက တက်တူးထိုးတာကို အားမ ပေးပါဘူး။ အခြေအနေ အချိန်အ ခါတစ်ခုမှာကြည့်ကောင်းတာရှိပေ မယ့် အခြေအနေ အချိန်အခါပြောင်း သွားရင် တက်တူး ထိုးတာဟာကြည့် မကောင်းတာလည်း ရှိပါတယ်။ လူ မြင်တဲ့နေရာမှာ ထိုးထားတဲ့ တက်တူး က အမြဲတမ်းကြည့်ကောင်းနေတယ် ဆိုတာ ရှားတယ်။ မမိုးရဲ့အမြင်ကို ပြောတာနော်။ လူတိုင်းလည်း တက် တူးကို မခံစားနိုင်ကြဘူး။ ကိုယ့်ခံစား ချက်နဲ့ကိုယ် တက်တူးထိုးတာ ကိုယ့် ရဲ့လွတ်လပ်ခွင့် ဖြစ်ပါတယ်။ ကိုယ် ကိုယ်တိုင် မခံစားနိုင်တော့ရင် ဒါဟာ စိတ်ရှုပ် စရာဖြစ်လာနိုင် ပါတယ်။ မြန် မာမိန်းကလေး တစ်ယောက် အနေနဲ့ တက်တူးနဲ့ လိုက်ဖက်တယ်လို့ မမိုး မြင်မိလား ဆိုတော့ ခံစားချက်အရ တော့ သူတို့ခံစားချက်ပေါ့။ အမြင် အရတော့ မြန်မာမိန်းကလေးက တက်တူးနဲ့ အရမ်းကြီး လိုက်တယ်လို့ မမိုးမထင်ဘူး။ ဥပမာ-ဇာအင်္ကျီအ ပါးဝတ်ထားပြီး တက်တူးပေါ်နေရင် ခေတ်စားနေချိန်မှာ မိုက်တယ်။ sexy ဖြစ်တယ်ပေါ့။ ခေတ်မစားရင်တော့ တစ်မျိုးကြီးပဲ။
စိတ်ခံစားမှုနဲ့စပ် လျဉ်းတဲ့ အနုပညာလို့ တက်တူးကို မြင်မယ် ဆိုရင်တော့ နည်းနည်းလေး ကောင်းကောင်း လေးချပြတာ ကောင်းတယ်လို့ မမိုးယုံကြည်တယ်။ တစ်ခါတလေကျရင် အများကြီးနဲ့ မကောင်းတာကို ချပြလိုက်ရင် ကိုယ့် ပိုက်ဆံနဲ့ကိုယ် အသားအနာခံထိုး ထားပြီး လူမကြိုက်ကြ တော့ဘူး။ ဒါ ပေမဲ့လည်း လူကြိုက်ခံ ချင်လို့တက် တူးထိုးတာ မဟုတ်ဘူး။ ကိုယ်ကြိုက် လို့ကိုယ်ထိုးတာ ဆိုရင်လည်း ပြီးတာ ပါပဲ။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး လည်း အရင်ခေတ် တုန်းက HIV AIDS တက်တူးထိုးတာက တစ် ဆင့် ကူးစက်တာပါ။ ဒါပေမဲ့ တက် တူးယဉ်ကျေးမှုကခေတ်စားလာ တယ်။ လူတွေလည်းစိတ်ဝင်စား လာတော့ ထိုးတဲ့ဆေးတွေနဲ့အပ် တွေက ခေတ်မီလာတယ်လို့တော့ ကြားပါတယ်။ မမိုးအကြံပေးချင် တာကတော့ သေသေချာချာ အ ဆင့်မြင့်မြင့်နဲ့ Quality ကောင်းတဲ့ တက်တူး ပညာရှင်နဲ့ဆို စိတ်ချရမှာ ပါ။ မိန်းကလေး တစ်ယောက်ရဲ့အ လှကိုရော တက်တူးက ဘယ်လောက် ထိပံ့ပိုးပေးနိုင်လဲ ဆိုတော့ အမှန်တ ကယ်တော့ အနုပညာ ခံစားမှုနဲ့ပတ် သက်တဲ့ကဏ္ဍ တစ်ခုဖြစ်တဲ့ အတွက် ကြောင့် ခံစားတတ်သူသာ ခံစားနိုင် မှာဖြစ်ပါတယ်။ ခံစား တတ်သူကပဲ အရမ်းလှတဲ့ တက်တူးလို့ ပြောမှာပါ။ မခံစားတတ်တဲ့သူတွေ ကတော့ရှုပ် တယ်၊ မအပ်စပ်ဘူးလို့ ပဲထင်မှာပေါ့။
အခုခေတ်ကလည်း တက်တူးကို ကိုယ်တိုင်ခံစားချင်တဲ့ သူနဲ့ အချင်း ချင်းအားပေးတဲ့ သူတွေအားပေးကြ တာပဲ။ တော်တော်များများကတော့ တက်တူးကို သိပ်မခံစား တတ်သေး ဘူး။ အနုပညာရှင် ဆိုတာက အများ ကိုစိတ်ဓာတ်တက်ြွကအောင် စည်း ရုံးလှုံ့ဆော်စေနိုင်တဲ့သူ၊ ပညာပေး မျှဝေပေးနိုင်တဲ့သူ၊ မှန်တဲ့ဘက်က ရပ်ပြီး ရှေ့ကရဲရဲ့ဝံ့ဝံ့ရင်ဆိုင်ပေးနိုင် တဲ့သူလို့ စာအုပ်တွေထဲမှာဖော်ပြ တယ်။ အဲဒီတော့ တကယ်ကိုမှန် ကန်တဲ့လုပ်ရပ်တွေ၊ အကျိုးရှိတဲ့ လုပ်ရပ်တွေကိုလုပ်ပြနိုင်ရင် ပို ကောင်းတာပေါ့။ အနုပညာရှင်တွေ တက်တူးထိုးတာကို အနောက်က လူတွေလိုက်ထိုးလို့ အကျိုးမရှိဘူးလို့ မမိုးဆိုလိုတာ မဟုတ်ပါဘူး။ ကိုယ့် ရဲ့နောက်က လိုက်လုပ်တဲ့ သူရှိရင် တစ်ခါတလေကျရင် လူတိုင်းက ဂုဏ်ယူတတ်ကြပါတယ်။
ဒီတော့ အနုပညာရှင်တွေရှေ့ကသွားရင် နောက်က follower ရှိတယ်ဆို တာကိုကြိုက်ကြတယ်။ ဒါကိုမမိုးက မဝေဖန်လို ပါဘူး။ အပြစ်တစ်ခုအ နေနဲ့မပြောလို ပါဘူး။ ဘာလုပ်လုပ် လိုက်လုပ်မယ့် ပရိသတ်ရှိနေတယ် ဆိုတာရှိတဲ့အတွက် ဘာပဲလုပ်လုပ် အကျိုးအကြောင်း၊ အဆိုးအ ကောင်းလေးတွေ ယှဉ်တွဲပြောပြပြီး လုပ်တာပိုကောင်း ပါတယ်။ မမိုးအ ကြံပေးချင် တာကတော့ တက်တူး ထိုးပြီးသား မိန်းကလေးတွေလည်း ဆက်မထိုးပါနဲ့တော့။ မထိုးရသေး တဲ့မိန်းကလေး တွေလည်း လုံးဝမ ထိုးပါနဲ့လို့ပဲ ပြောချင်ပါတယ်။
ကျော်မျိုးနိုင်
8days