အခြားယောကျာ်းနှင့် အတူအိပ်ခဲ့သူ၏ အင်္ဂါကို မိန်းမဖြစ်သူက ဖြတ်ပစ်ခဲ့

ပို့စ်တင်ချိန် - 8/28/2013 09:39:00 AM


ဘရာဇီးနိုင်ငံအရှေ့တောင်ပိုင်း ဆန်တိုစ်မြို့တွင် အမျိုးသမီးတစ်ဦးသည် အခြားအမျိုးသားနှင့် လိင်တူဆက်ဆံမှုများ ပြုလုပ်ခဲ့သည့် ယောကျာ်းဖြစ်သူ၏ အင်္ဂါကို ဖြတ်ပစ်ခဲ့သည်။ ယင်းအမျိုးသမီးသည် ၎င်း၏ယောကျာ်းက အခြားအမျိုးသားနှင့် လိင်တူဆက်ဆံမှုများ ပြုလုပ်နေသည်ဟု ကြားသိရသော်လည်း ကိုယ်တိုင် တွေ့မြင်ခဲ့ခြင်း မရှိသည့်အတွက် တစ်ပတ်ကျော် စောင့်ကြည့် လေ့လာခဲ့ပြီးနောက် သြဂုတ်လ ၁၄ ရက်နေ့ ညပိုင်းတွင် ယင်းသို့ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ထိုအမျိုးသားကို ဆေးရုံတင်ကုသမှုများ ပြုလုပ်ပေးခဲ့ရာ ပြန်လည် သက်သာလာပြီ ဖြစ်သော်လည်း ၎င်းသည် နောက်တစ်ကြိမ် မည်သည့် လိင်ဆက်ဆံမှုမျိုးကိုမှ ပြုလုပ်နိုင်တော့မည် မဟုတ်ကြောင်း ဆရာဝန်ဖြစ်သူက ဒေးလီးတယ်လီဂရပ်ဖ်သို့ ပြောကြားသွားခဲ့သည်။