အမျိုးသား၏ ချို့ယွင်းချက်ကြောင့် သားသမီး မရနိုင်လျှင်

ပို့စ်တင်ချိန် - 8/28/2013 01:00:00 PM


သြဂဲနစ်ထုတ်ကုန်တွေ ပိုစားပါ
သြဂဲနစ်နဲ့ ထုတ်လုပ်ထားတဲ့ အမျိုးသားတွေဟာ ပုံမှန်သမားရိုးကျ အစားအစာတွေ များများစားတဲ့ အမျိုးသားတွေထက် သုတ်ပိုးအရေအတွက်ပိုပြီး ထုတ်လုပ်နိုင်တယ်လို့ သုတေသီတွေက ပြောကြပါတယ်။
Denmarkမှ လေ့လာမှုအရ သြဂဲနစ်နည်းပညာနဲ့ စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံစား သူတွေဟာ သာမန်ရိုးကျနည်းနဲ့ စိုက်ပျိုးထားတဲ့ အစာစားသူတွေထက် သုတ်ပိုး၄၃ရာခိုင်နှုန်း ပိုထုတ်လုပ် နိုင်တာကို တွေ့ရပါတယ်။ ပိုးသတ်ဆေးတွေ မသုံးတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးယူမယ် လို့ စဉ်းစားရင် သြဂဲနစ်အစားတွေ များများစားပေးပါ။

စတော်ဘယ်ရီသီးစားပါ
စတော်ဘယ်ရီသီးစားတာဟာ အမျိုးသားနဲ့ အမျိုးသမီးနှစ်ဦးစလုံးမှာ မျိုးပွားစွမ်းရည်မြင့်တက်နိုင်တယ်လို့ တရုတ် တိုင်းရင်းဆေးဆရာတွေက ပြောပါတယ်။ မျိုးပွားဖို့အတွက် လိုအပ်တဲ့ Yin နဲ့ Yang စွမ်းရည်ညီမျှဖို့ စတော်ဘယ်ရီသီးကို ပုံမှန်စားပေးပါ။ Yin ကို အအေးစာနဲ့ Yang ကို အပူစာလို့ သတ်မှတ်ပြီး Yang စွမ်းရည် လိုအပ်ချက်အတွက် စတော်ဘယ်ရီသီးကို ပုံမှန်စားတာနဲ့ ကုပေးတာပါ။

အပ်စိုက်ကုထုံးသုံးပါ
အပ်စိုက်ကုသတာကြောင့် ခန္ဓာကိုယ်ရဲ့ ပုံမှန်လုပ်ငန်းတွေကို ပိတ်ပင်တားမြစ်တဲ့အရာနဲ့ ခန္ဓာကိုယ်မညီမျှ ဖြစ်စေတာတွေကို ပြုပြင်ပေးပါတယ်။ ခန္ဓာကိုယ်တွင်း မညီမျှတာတွေကြောင့် ကလေးမရနိုင်တာပါ။ အပ်စိုက်ကုထုံးကြောင့် ကလေးရဖို့ လွယ်ကူနိုင်ပါတယ်။

သွပ်ဓာတ်အားဖြည့်ပါ
ကလေးမရနိုင်တာဟာ သုတ်ပိုးအရည်အသွေး မကောင်းတာကြောင့်လို့ထင်ရင် သွပ်ဓာတ်အားဖြည့်ပါ။ အမျိုးသားတွေကြောင့် ကလေးမရနိုင်သူတွေမှာ သွပ်ဓာတ်ချို့တဲ့နေတတ်ပါတယ်။ နေ့စဉ်သွပ်ဓာတ် ၄၀၀ မီလီဂရမ် စားပေးသူတွေရဲ့ သုတ်အရည်အသွေး ကောင်းမွန်တာကို တွေ့ရပါတယ်။

ဗီတာမင် C သောက်ပါ
ကလေးမရနိုင်တဲ့ အမျိုးသားတွေမှာ သုတ်ပိုးတွေအုပ်စုဖွဲ့နေပြီး (Agglilination) ခဲနေတတ်ပါတယ်။ နေ့စဉ်ဗီတာမင် C ၁၀၀၀ မီလီဂရမ်ကို တစ်လတိတိ သောက်ပေးပါ။

ဆေးလိပ်ဖြတ်ပါ
ပုံမှန်ဆေးလိပ်သောက်တဲ့ အမျိုးသားတွေရဲ့ သုတ်ပိုးတွေဟာ ဆေးလိပ်မသောက်သူတွေလောက် ထိထိရောက် Swin မလုပ်နိုင်ဘူးလို့ သုတေသီတွေက ဆိုပါတယ်။ ဒါ့ပြင်ဆေးလိပ်သောက်သူတွေရဲ့ သုတ်cellဟာ အမျိုးသမီးရဲ့ ဥအပြင်ခွံကို မထိုးဖောက်နိုင်ပါဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ကလေးယူဖို့ စဉ်းစားရင် စောစောစီးစီး ဆေးလိပ်ဖြတ်ပါ။

အရက်မသောက်ပါနဲ့ အရက်သောက်တာကြောင့် အမျိုးသားနဲ့ အမျိုးသမီးနှစ်ဦးစလုံးမှာ မျိုးပွားစွမ်းရည် ကျဆင်းတတ်ပါတယ်။ အရက်ကြောင့် အမျိုးသားတွေမှာ သုတ်ပိုးထုတ်လုပ်မှုထိခိုက်ပြီး အမျိုးသမီးတွေမှာ ဟော်မုန်းမညီမျှဖြစ်တတ်ပါတယ်။ အရက်သောက်တဲ့ ပမာဏနဲ့ မျိုးပွားမှုအကြား တိုက်ရိုက်ဆက်စပ်မှု ရှိပါတယ်။

Ref: Good Health