ရွှေတိဂုံစေတီပုံ ရိုက်နှိပ်ထားသော လက်ဖက်ခြောက်ဘူးများကို ပြန်လည်သိမ်းဆည်း

ပို့စ်တင်ချိန် - 8/28/2013 12:55:00 PM


ဖူရှင်းဘရားသား(စ်) ကုမ္ပဏီက ရွှေတိဂုံ စေတီတော်ပုံရိုက်နှိပ်အသုံးပြုထားသော လက်ဖက် ခြောက်ဘူးများကို သာသနာရေးဝန်ကြီးဌာနမှ ပြန်လည် သိမ်း ဆည်းပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါကုမ္ပဏီမှ ထုတ်လုပ်သည့် စီးကရက် ဘူးပုံ လက်ဖက်ခြောက်ဘူးပေါ်တွင်လည်းကောင်း၊ ပစ္စည်းထည့်ဘူးပေါ်တွင် လည်းကောင်း ရွှေတိဂုံ စေတီတော်ပုံ ရိုက်နှိပ်ဖြန့်ချိထားခြင်းနှင့်ပတ် သက်၍ သာသနာရေးဝန်ကြီးဌာနမှ ယနေ့တွင် ကမ္ဘာအေးရှိ သာသနာရေးဝန်ကြီးဌာန၌ ရှင်း လင်းပွဲပြုလုပ်ခဲ့ရာတွင် အဆိုပါဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမင်းထွန်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
”စေတီပုံနဲ့ ဈေးကွက်ထဲရောင်းဖို့တော့ မဟုတ်ဘူးဆိုပေမယ့် ဒါကလက်ဆောင် ပေး တာပဲယူသုံးသုံး တကယ်တော့ ရှင်းရှင်းပြောရရင် မသုံးသင့်ဘူးပေါ့”ဟု ၄င်းက ဆက်ပြောသည်။
အဆိုပါ လက်ဖက်ခြောက်ဘူး ၅ဝ ကို ဖူရှင်းဘရားသား(စ်)ကုမ္ပဏီက နီးစပ်ရာအသိုင်း အဝိုင်းများကိုလက်ဆောင်ပေးရန်အတွက် တရုတ် နိုင်ငံကူမင်းသို့မှာယူခဲ့ပြီး သြဂုတ်လဆန်းပိုင်း တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ် ကြောင်း သိရသည်။
”နီးစပ်ရာ သူတို့စီးပွားရေး မိတ်ဆွေတွေ ရှိတယ်။ ပေးလိုက်တယ်။ ထင်တာက ပေးလိုက် တဲ့ တစ်ယောက်ကလည်း ဒါမျိုးက အထွဋ် အမြတ်ဆိုတော့ ဘုန်းကြီးကို လှူရင်းနဲ့မှ မြင် တာလို့ထင်တယ်”ဟု ဖူရှင်းဘရားသား(စ်) ကုမ္ပဏီမှ ဥပဒေရေးရာ အကြံပေး ဦးဇင်ဦးက ပြောသည်။
အဆိုပါ လက်ဖက်ခြောက်ဘူးမှာ ယူစဉ်တွင် ကုမ္ပဏီလိပ်စာ၊ လိုဂိုနှင့် ၄င်း တို့ပိုင်ဆိုင်သော စီးကရက်စက်ရုံ လိုဂို သာ ပေးလိုက်ခြင်းဖြစ်ပြီး ဘူးပုံစံနှင့် အသုံးပြုရ မည့်ပုံကို ပေးလိုက်ခြင်း မရှိ သဖြင့် ယခုကဲ့သို့ စေတီပုံကို ရိုက်နှိပ်၍ ဘူးပုံစံအား စီးကရက်ဘူးပုံစံ ပြုလုပ်၍ ပို့ပေးခဲ့ခြင်း ဖြစ်ကြောင်း ၄င်းက ပြော သည်။
”ဗမာပြည်အတွက်လှတဲ့ပုံ၊ ကောင်း တဲ့ပုံကို လုပ်လိုက်ပါဆိုတော့ သူတို့ဘာ သူတို့ ဗမာပြည်ရဲ့ Sample ကို ရွှေတိဂုံ လို့ပဲ သူတို့ဘာသာ သူတို့ထင်ပြီး လုပ် လိုက်သလား မသိဘူး။ စီးကရက် စက် ရုံပါတဲ့အတွက်အထဲမှာ စီး ကရက်ဘူးပုံ ထွင်လုပ်လိုက်တယ်လို့ ထင်တယ်” ဟု ဦးဇင်ဦးက ဆက်ပြောသည်။
လက်ဆောင်ပေးရန် မှာယူထား သော ဘူး ၅ဝ တွင် ကုမ္ပဏီ၌ ကျန်ရှိ သော ၃၄ ဘူးကို သက်ဆိုင်ရာက ထိန်း သိမ်းပြီး လက်ဆောင်အဖြစ် ပေးအပ် ထားသော ၁၆ ဘူးကိုလည်း တတ်နိုင်သ လောက် ပြန်လည်သိမ်း ဆည်းသွားမည် ဖြစ်ကြောင်း သိရသည်။
”လက်ရှိ အချိန်မှာတော့ ကိုယ့်ရဲ့ ဘာသာ သာသနာနဲ့ ပတ်သက်ပြီးတော့ အစွန်းထင်း အထိခိုက်မခံတဲ့ ကာလမှာ ဒီလိုက မဖြစ်သင့်ဘူး”ဟု သာသနာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဖူရှင်းဘရားသား(စ်)ကုမ္ပဏီက မှာယူခဲ့သော လက်ဖက်ခြောက်ဘူး ၅ဝ  ကိုသာသနာရေးဝန်ကြီးဌာနသို့ ပေးအပ် သွားမည်ဖြစ်ပြီးဈေးကွက်တွင်းရောင်းချ ရန်ရည် ရွယ်ချက်မရှိကြောင်းနှင့် စီးက ရက်ဘူးပုံဖြင့်ရွှေတိဂုံစေတီ ရိုက်နှိပ်ခြင်း အား ကုမ္ပဏီမှ အမှန်တကယ် မသိရှိခဲ့ ခြင်းဖြစ်ကြောင်းဦးဇင်ဦးကရှင်းပြသည်။
ဖူရှင်းဘရားသား(စ်) ကုမ္ပဏီသည် ပြည်ပသို့ ရော်ဘာတင်ပို့လျက်ရှိပြီး ပြည်တွင်းသို့ ဆောက်လုပ်ရေး သံ ချောင်း၊ နွားနီနို့မှုန့်နှင့် စားသောက်ကုန် သုံး ဓာတုပစ္စည်း အချို့ကို တင်သွင်း လျက်ရှိသည်။
ခိုင်နွယ်ဦး
Popular Myanmar