စစ်တွေမြို့တွင်းရှိ ဘင်္ဂါလီ တစ်ထောင်ကျော်ကို နေရာရွှေ့

ပို့စ်တင်ချိန် - 8/26/2013 01:53:00 PM



ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဘင်္ဂါလီများ နေထိုင်သည့် အောင်မင်္ဂလာ ရပ်ကွက်မှ ဘင်္ဂါလီ ၁၀၀၀ ကျော်ကို ၎င်းတို့ ဆန္ဒအရ သက္ကယ်ပြင်ကျေးရွာ အနီးတွင် ဆောက်လုပ်ထားသည့် အဆောက်အအုံများသို့ ပြောင်းရွှေ့ပေး ခဲ့ကြောင်း ရခိုင်ပြည်နယ် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဦးလှဟန်က ပြောကြားသည်။

ဘင်္ဂါလီများက ပြောင်းရွှေ့ပေးရန် တောင်းဆိုသဖြင့် ပြောင်းရွှေ့ပေးရခြင်း ဖြစ်ပြီး အစိုးရက အတင်းအဓမ္မ ပြောင်းရွှေ့ခြင်း မဟုတ်ကြောင်း၊ အဆိုပါ အဆောက်အအုံများသို့ သြဂုတ်လ ၂၃ ရက် နေ့မှ ၂၅ ရက်နေ့အထိ ဘင်္ဂါလီ အိမ်ထောင်စုပေါင်း ၂၄၉ စု (လူဦးရေပေါင်း ၁၂၃၀ ဦး) ပြောင်းရွှေ့ပေးလိုက် ပြီ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဘင်္ဂါလီ ခေါင်းဆောင်တွေနဲ့ တိုင်ပင်ပြီး ပြောင်းတာပါ” ဟု ဦးဦးလှဟန်က ရှင်းပြသည်။

အဆိုပါ ဘင်္ဂါလီများသည် အောင်မင်္ဂလာနှင့် အဆိုပါနေရာ အနီးတစ်ဝိုက် တွင် နေထိုင်ကြသူများဖြစ်ပြီး ပဋိပက္ခများ ဖြစ်ပွားပြီးနောက် ဒုက္ခသည် ဖြစ် သွားကြသူများ ဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောဆိုသည်။

နေရာ အခက်အခဲနှင့် စားနပ်ရိက္ခာ အခက်အခဲကြောင့် ၎င်းတို့ ဆန္ဒ အလျောက် ပြောင်းရွှေ့ကြခြင်း ဖြစ်ပြီး မပြောင်းရွှေ့လို၍ ကျန်နေသူ အနည်းငယ် ရှိနေသေးကြောင်း အောင်မင်္ဂလာ ရပ်ကွက်တွင် နေထိုင်သည့် အစ္စလာမ် ဘာသာဝင် တစ်ဦးဖြစ်သူ ဦးအောင်သိန်းက ပြောကြားသည်။
ွှ့
The Voice