မြန်မာနိုင်ငံတွင် အရက်နှင့်ပတ်သက်သည့် သုတေသနပြုလုပ်မှု မရှိသလောက်နည်းပါးနေ

ပို့စ်တင်ချိန် - 8/26/2013 08:46:00 AM


မြန်မာနိုင်ငံ တွင် အရက်နှင့်ပတ်သက်သည့် သုတေသနပြုလုပ်မှုမရှိသလောက် နည်းပါးနေသဖြင့် အရက်နှင့်ယင်း ၏ဆိုးကျိုးများကို သုတေသနပြု လုပ်ဆောင်ရွက်သင့်နေပြီဖြစ် ကြောင်း ကျန်းမာရေးစီမံကိန်း ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)ဒေါက်တာဘုန်းမြင့်က အ ကြံပြုပြောကြားသည်။

ယခုအခါတွင် အရက်နှင့် ဘီယာသောက်သုံးသူများမှာ များ ပြားလာပြီး ရပ်ကွက်များတွင်လည်း အရက်ဆိုင်၊ ဘီယာနှင့်အကင်တွဲ ဖက်ရောင်းချသည့်ဆိုင်များပြား လာနေခြင်းက နောင်တစ်ချိန်တွင် နိုင်ငံ၏စီးပွားရေး၊ လူမှုရေး၊ ကျန်း မာရေး၊ ပညာရေးများကိုထိခိုက် လာစေနိုင်သည့်အတွက် အရက်ဆိုးကျိုးများကိုသုတေ သနပြုပြီး ပြည်သူများကြားတွင် ကျယ်ကျယ် ပြန့်ပြန့်ချပြနိုင်ရန် အတွက်ဖြစ် ကြောင်း သိရသည်။

''ဘာသာရေးအရကြည့် လဲ တားမြစ်ထားတဲ့အရာပါ။ အ ရက်ရဲ့သဘောကိုက မေ့လျော့ သတိမရှိစေတဲ့ပုံစံဆိုတော့ အ မှားအမှန် မခွဲခြားနိုင်တော့ဘူး။ အရက်သောက်သုံးသူတွေများ လာတာလဲ မျက်မြင်ပဲ။ ဒီတော့ ပညာသင်ချိန်မှာဆိုရင် ပညာရေး ဆုံးရှုံးရတာတွေ ရှိနိုင်တယ်။ အ ရွယ်အလိုက် ဆိုးကျိုးတွေရှိလာ မယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ အရက်နဲ့ပတ်သက်တဲ့သုတေသန တွေကို သေသေချာချာပြုလုပ်ပြီး အရက်ကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ကိုင်တွယ်ဖြေရှင်းဖို့လိုနေပါတယ်'' ဟု ဒေါက်တာဘုန်းမြင့်က ပြော ကြားခဲ့သည်။

အရက်နှင့်ပတ်သက်ပြီး သု တေသနများပြုလုပ်ရာတွင် အ ရက်ရောင်းချသည့် အသက်အ ရွယ်ကန့်သတ်ချက်၊ အရက်ဝယ် ယူသည့်အသက်အရွယ်ကန့်သတ် ချက်၊ အရက်ရောင်းချသည့်နေ ရာ၊ အရက်ဝယ်ယူခွင့်ရှိသည့် အ တိုင်းအတာပမာဏများကို သုတေ သနပြုလုပ်ပြီး အရက်နှင့်ပတ်သက် သော နောက်ဆက်တွဲဆိုးကျိုး များကို ကိုင်တွယ်ဖြေရှင်းသင့် ကြောင်းြွဥ ဝန်ထမ်းတစ်ဦး ဖြစ်သူ ဒေါက်တာစိုင်းကျော်ဟန် ကလည်း ပြောကြားခဲ့သည်။

ယင်းက ''အရက်နှင့်ပတ် သက်တဲ့နောက်ဆက်တွဲဆိုးကျိုး တွေမှာလဲ လူသတ်မှု၊ မုဒိမ်းမှုများ သာမက အရက်ကြောင့် စိတ်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာထိခိုက် နစ်နာမှုတွေကိုပါ သုတေသနပြု လုပ်ရမှာဖြစ်ပြီး ဒီအချက်ပေါ်မူ တည်ပြီး ကိုင်တွယ်ဖြေရှင်းသင့်ပါ တယ်''ဟုပြောသည်။
လူငယ်များအနေဖြင့် အ ရက်သောက်သုံးပါက မိမိတို့လုပ် ဆောင်နေသောလုပ်ငန်းခွင်တွင် စွမ်းဆောင်ရည်များကျဆင်းလာ နိုင်ပြီး ကျောင်းနေအရွယ်ကလေး များ အရက်သောက်သုံးပါကလည်း မှတ်ဉာဏ်များကိုထိခိုက်ကာ ပညာ ရေးသင်ကြားရေးတွင် ထိခိုက်မှု များရှိလာနိုင်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် အရက် ဆိုင်များ၊ ဘီယာဆိုင်များတွင် မိသားစုအလိုက် အပန်းဖြေစား သောက်ခြင်းများလည်းရှိနေရာ အမျိုးသမီးများနှင့် ကလေးငယ် များပါလာခြင်းကြောင့် နုနယ်သော ကလေးများစိတ်တွင် ယင်းကို စံ နမူနာအဖြစ်မှတ်ယူသွားနိုင်ကြောင်း၊ အချို့သောမိသားစုများတွင် က လေးကိုအရက်ဝယ်ခိုင်းခြင်းများ ရှိနေသည့်အတွက် ယင်းကိစ္စရပ် များကို ဆင်ခြင်ရန်လိုအပ်ကာ သုတေသနပြုမည်ဆိုပါက ယင်း အချက်ကိုလည်း ထည့်သွင်းရမည် ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ သုတေသနပြု လုပ်ရာတွင် အရက်နှင့်ပတ်သက် သည့် ဥပဒေတိတိကျကျပြဋ္ဌာန်း နိုင်ရန်အတွက်ကိုပါ ဆောင်ရွက် ပေးစေလိုကြောင်း ဒဂုံမြို့သစ် မြောက်ပိုင်းတွင်နေထိုင်သူ မသီ တာက ''ဒီလိုသုတေသနလုပ်ပြီး ရင် ပြည်သူတွေကိုလဲပြန်ချပြသင့် တယ်။ ရလာတဲ့အချက်တွေပေါ် မူတည်ပြီး ဆေးလိပ်လိုပဲ အရက် နဲ့ပတ်သက်တဲ့ဥပဒေတွေ တိတိ ကျကျပြဋ္ဌာန်းနိုင်ဖို့ လိုပါတယ်''ဟုပြောသည်။

အရက်သောက်သုံးခြင်းဖြင့် အသည်းခြောက်ခြင်း၊ အသည်း ကင်ဆာ၊ အစာအိမ်သွေးကြော ပေါက်ခြင်း၊ ဦးနှောက်သွေးကြော ပေါက်၍ လေဖြတ်ခြင်းတို့အပြင် အဆုတ်ရောဂါ၊ စိတ်ဖောက်ပြန် ခြင်းများကိုခံစားရနိုင်ကြောင်း သိရ သည်။

၊ရန်ကုန်တိုင်းနေ့စဉ်သတင်းစာ