ချဲ ထီ နဲ့ လောင်းကစားတွေ ဖမ်းဖို့ သမ္မတ ညွှန်ကြားချက်ထုတ် ၊ ပြည်ထဲ ရေး ဝန်ကြီးက ကာချုပ်အမိန့်မရရင် မလုပ်နိုင်ဟု ငြင်းဆို

ပို့စ်တင်ချိန် - 8/26/2013 06:13:00 PM


တရားမဝင် ချဲထီ နဲ့ လောင်းကစားမှုတွေဟာ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးမှာ အဓိက အဟန့်အတားဖြစ်နေတယ်ဆိုပြီး သမ္မတက အထူးကြပ်မတ် အရေးယူဖို့ ညွှန်ကြားလွှာထုတ်လိုက်တာပဲဖြစ်ပါတယ် ၊

အဲဒီညွှန်ကြားလွှာကို မွေးရေကျေး ဝန်ကြီး ဦးအုန်းမြင့်က ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီးကိုကို ကို သွားပေးပြီး ပူးပေါင်းဆောင်ရွက်ဖို့ပြောတယ် ၊

အဲဒီမှာတင် ပြည်ထဲရေးဝန်ကြီးက ဒီကိစ္စကို ကာချုပ်မင်းအောင်လှိုင်ဆီက ညွှန်ကြားချက် မရမချင်း စမလုပ်နိုင်ကြောင်း ၊ ဒီအတိုင်း တကယ်လျှောက်ဖမ်းလိုက်ပါက ပြည်နယ်တိုင်းဝန်ကြီးချုပ် အငြိမ်းစာ ဗိုလ်ချုပ်ကြီးတွေ နဲ့ ပါ ထိပ်တိုက်တွေ့လာနိုင်ကြောင်း ၊ ဒီနေရာမှာ

သူ ကြားအညပ် မခံနိုင်ကြောင်း ပြန်ပြောတယ်လို့ သိရပါတယ် ၊

တကယ်တမ်းပြောရရင် အဲဒီ ချဲထီ နဲ့ လောင်းကစားလုပ်ငန်းတွေဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ထမင်းအိုး ဟင်းအိုးကြီးလိုဖြစ်နေပါတယ် ၊ ဒါတင်မကပါဘူး ပြည်နယ်တိုင်းမှာ အုပ်ချုပ်သူတွေ ဝန်ကြီးချုပ်တွေအထိ ဆပ်ကြေးတွေ မျှယူနေတဲ့

သက်တော်ရှည်လုပ်ငန်းကြီးတစ်ခုလည်း ဖြစ်နေပြန်ပါတယ် ၊

ဒီတစ်ခေါက်တော့ သမ္မတနဲ့ ကာချုပ်တို့ ထိပ်တိုက်တွေ့ကြပြီလို့ ထင်ပါတယ် ၊ သမ္မတကြီးက မြန်မာပြည်တိုးတက်ဖို့ တကယ်လုပ်မှာလား ၊ နိုင်ငံခြားက ပိုက်ဆံတောင်းကောင်းအောင် အပေါ်ယံ အရေပြား အယားပြေလုပ်မှာလား ပိတ်ကားပေါ်မှာ ဆက်ကြည့်ကြရပါမယ် ၊

မြန်မာပြည်က ကျနော့် အစ်ကိုအစ်မတွေ မနက်မနက် ဈေးသွားရင် လက်ဘက်ရည်ဆိုင်သွားရင် ချဲထိုးလို့ရသေးလား ဘောလုံးပွဲလောင်းလို့ရသေးလား မေးကြည့်ကြရအောင် ၊ သမ္မတကြီးရဲ့ ညွှန်ကြားချက်က တကယ်လား အင်လား သိရတာပေါ့ ၊

ဒါ နဲ့ မြန်မာပြည်စံတော်ချိန် နဲ့ ဆို ဒီနေ့ည မန်ယူ နဲ့ ချဲလ်ဆီး ပွဲမှာ ဘယ်ဘက်က ဘယ်ကြေးပေါက်နေသလဲဟင် ....................
အဘ ဖိုးသီဟ