တရုတ်-အမေရိကန် ဘီလျံနာကို လိင်ပိုင်းဆိုင်ရာစွဲချက်ဖြင့် ဖမ်းဆီး

ပို့စ်တင်ချိန် - 8/26/2013 01:28:00 PM


တရုတ်နိုင်ငံတွင် တရုတ်- အမေရိကန်ဘီလျံနာသူဌေးချားလ် ရှူးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။
ချားလ်ရှူးသည် ဘလော့ဂ် ဂါတစ်ဦးဖြစ်ပြီး လူပေါင်း၁၂သန်း ကို စိတ်ပါလာအောင်ဆွဲဆောင် သိမ်းသွင်းခဲ့သူဖြစ်ပြီး ပြည့်တန်ဆာ မှုတွင်ပါဝင်ပတ်သက်မှုဖြင့် ဖမ်း ဆီးခဲ့သည်ဟု ရဲတပ်ဖွဲ့ကပြော ကြားခဲ့သည်။ ချားလ်ရှူးကိုဖမ်း ဆီးထိန်းသိမ်းခြင်းက တရုတ် နိုင်ငံရှိ ဝက်ဘ်ဆိုက်အသုံးပြုသူ များအား ထိန်းချုပ်ခြင်းကို တရုတ် အစိုးရက တိုးမြှင့်ဆောင်ရွက်ခြင်း လည်းဖြစ်သည်။

ချားလ်ရှူးသည် တရုတ် နိုင်ငံ၏လူကြိုက်အများဆုံးဘ လော့ဂ်ဂါများထဲမှ တစ်ဦးလည်း ဖြစ်သည်။ ဘီလျံနာသူဌေးချားလ် ရှူးသည် စိတ်အားထက်သန် သော ဘလော့ဂ်ဂါတစ်ဦးဖြစ်ပြီး တရုတ်နိုင်ငံ၏ အကြီးအကျယ် လူကြိုက်များလှသော Sina Weibo ကဲ့သို့သောတွစ်တာတွင် ဖမ်းဆီး ခြင်းမခံရမီက သူ၏ နောက်ဆုံး သတင်းအမှာစကားကို တင်ထား ခဲ့ကြောင်း သိရသည်။

ချားလ်ရှူးကို ဖမ်းဆီးထိန်း သိမ်းမှုနှင့်ပတ်သက်၍ Sina Weibo တွင် ဆွေးနွေးပြောဆိုမှုများ လွှမ်း မိုးနေခဲ့သည်ဟုသိရသည်။ အ လားတူပင် ကောလာဟလသတင်း များပျံ့နှံ့စေရန်နှင့် လုပ်ကြံဇာတ် လမ်းများဖန်တီးနေသည့် News Express အတင်းအဖျင်းသတင်း စာဂျာနယ်လစ်ကိုလည်း ဥပဒေ အရဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ပြောကြားခဲ့သည်။

လျူ အမည်ရှိဂျာနယ်လစ်သည် အွန် လိုင်းပေါ်မှနေ၍ ချုံကင်းဒုတိယ မြို့တော်ဝန်ဟောင်းမာကျင်း ကျိသည် မြို့တော်ရှိ အစိုးရပိုင် ကုမ္ပဏီတည်ဆောက်မှုတွင် ယွမ် ငွေသန်းများစွာဆုံးရှုံးမှုဖြစ်စေ သော တာဝန်လစ်ဟင်းသူအဖြစ် စွပ်စွဲခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ အာဏာပိုင် တို့ကမူ အွန်လိုင်းပေါ်မှ နောက် လိုက်နောက်ပါအင်အားများပြား စွာရှိနေသော အင်တာနက်နာမည် ကျော်များအနေနှင့် ကိုယ့်ကျင့် တရားပိုမိုထားရှိရန်နှင့် အွန်လိုင်း ဥပဒေကိုလေးစားလိုက်နာရန်ပြော ကြားခဲ့သည်ဟု သိရသည်။

ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ