ဝိုင်မက်စ်အင်တာနက်မြန်နှုန်း နိုဝင်ဘာတွင် တိုးမြှင့်ပေးမည်

ပို့စ်တင်ချိန် - 10/12/2013 11:47:00 AM

ဝိုင်မက်စ် အင်တာနက်မြန်နှုန်းများအား နိုဝင်ဘာလမှစ၍ တိုးမြှင့်ပေး သွားမည်ဟု Red Link ကုမ္ပဏီမှ သိရသည်။

''ကုမ္ပဏီရဲ့ ငါးနှစ်ပြည့်အထိမ်းအမှတ်တစ်ခု အနေနဲ့ လုပ်ဆောင်ပေး မှာပါ။ ကနဦးတပ်ဆင်ခ တွေကိုလည်း ပရိုမိုးရှင်းအဖြစ် လျှော့ချရောင်း ချ ပေးသွားဖို့ ရှိပါတယ်'' ဟု Red Link ကုမ္ပဏီမှ ဈေးကွက်မန်နေဂျာ ကိုမျိုးမြင့်ညွန့်က ပြောသည်။

မြန်နှုန်းများတိုးမြှင့်ပေးရာတွင် လက်ရှိ ဝန် ဆောင်မှုပေးထား သည့ှ်Silver Plan ရှိ 3G အား 4G သို့လည်း ကောင်း၊6G အား 8G ၊ Platinum plan တွင် 12G အား 16 G သို့ လည်းကောင်း တိုးပေးသွား မည်ဟု ၄င်းက ပြောသည်။

''အဓိကတော့သုံးစွဲသူတွေ အဆင်ပြေ အောင်လို့ စီစဉ်ပေးတာ ပါ။ လောလောဆယ် ဝိုင် မက်စ်စနစ်ကိုပဲ လုပ်ဆောင်ပေးမှာပါ။ ဖိုင်ဘာ အင်တာနက်စနစ်ကိုတော့ တိုးပေးဖို့ အစီအစဉ် မရှိသေးပါဘူး'' ဟု ၄င်းက ဆက်ပြောသည်။

ကနဦးတပ်ဆင်ခများအား လျှော့ချရောင်း ချရာတွင် Gold Plan အား ကျပ်နှစ်သိန်းသုံး ထောင် (တစ်လအခမဲ့ အသုံးပြုခွင့်)၊ Silver Plan အား ကျပ်သုံးသိန်း၊ (တစ်လအခမဲ့အသုံး ပြုခွင့်)၊ Platinum plan အား ကျပ်လေးသိန်း ငါးထောင် (တစ်လအခမဲ့အသုံးပြုခွင့်)၊Prepaid plan အား သုံးသိန်း (3G တစ်ကတ် အခမဲ့) ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါနှုန်းထားများကို ယခုလ ၁၄ ရက် နေ့မှ ၂ဝ ရက်နေ့အ ထိ ရောင်းချသွားမည် ဖြစ် သည်။ Red Link ကုမ္ပဏီသည် ဝိုင်မက်စ်အင် တာနက်စနစ်ကို ၂ဝဝ၈ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ ဝန်ဆောင်မှုပေးခဲ့ပြီး ကြိုတင်ငွေဖြည့်ကတ်စနစ် သုံးစွဲခွင့်ကို ၂ဝ၁၂ ခုနှစ် မတ်လတွင် ဝန်ဆောင်မှု ပေးခဲ့သည်။

PN-052
Popular Myanmar News Journal