ဆင်ဟာ တခြားတိရစ္ဆာန်တွေနဲ့ မတူဘဲ လူတွေရဲ့ လက်ဟန်ခြေဟန်ကို နားလည်နိုင်စွမ်းရှိတယ်လို့ သုတေသနပြုချက်အသစ်တွေက ဆိုပါတယ်။

ပို့စ်တင်ချိန် - 10/12/2013 12:05:00 PM




ဇင်ဘာဘွေနိုင်ငံက ယဉ်ပါးအောင်လုပ်ထားတဲ့ ဆင်တွေနဲ့ သုတေသနပြုရာမှာ အစာရှိတဲ့ပုံးနဲ့ အစာမရှိတဲ့ပုံး ၂ ခုအနက် အစာရှိတဲ့ပုံးကို လူကနေ လက်နဲ့ ညွှန်ပြတာကို ဆင်တွေက အပြည့်အဝ ခွဲခြားနိုင်စွမ်းရှိတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ဆင်တွေဟာ လူတွေလိုပဲ ရှုပ်ထွေးလှတဲ့ ဆက်ဆံမှု နယ်ပယ်မှာ ညွှန်ပြခြင်းဟာ ထိရောက်တဲ့ ဆက်သွယ်မှု ဖြစ်တယ် ဆိုတာကို သိရှိနေတယ်လို့ ဦးဆောင် သုတေသနပြုသူ ပါမောက္ခ Richard Byrne က ပြောပါတယ်

BBC Burmese